တော်လှန်ရေးနဲ့ပတ်သက်ပြီး ပြည်တွင်းပရိသတ်တွေသာမက ထိုင်းပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကိုပါရရှိခဲ့တဲ့ ဒေါင်း
သရုပ်ဆောင် ဒေါင်းကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း အတူရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အရေးတော်ပုံအတွက် တစ်ဖက်တစ်လမ်းကနေ အမြဲတမ်းကူညီပေးနေတဲ့ ဒေါင်းဟာ ရံပုံငွေတွေများစွာကိုလည်း ရှာဖွေပေးခဲ့သလို တစ်ဖက်မှာလည်း သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေက ဒေါင်းနဲ့ပတ်သက်ပြီး ဝန်းရံပေးနေကြတာပဲဖြစ်ပါတယ်။
“ကျောက်ဖရားမှဧရာဝတီသို့” ဇာတ်လမ်းတွဲနဲ့ ထိုင်းနိုင်ငံမှာကျော်ကြားနေတဲ့ ဒေါင်းဟာ ထိုင်းမလေးတွေရဲ့ ဝန်းရံအားပေးမှုကို နိုင်ငံရေးလှုပ်ရှားမှုတွေအထိပါ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒေါင်းရဲ့ ထိုင်းလူမျိုးပရိသတ်တွေက “မများနဲ့ပွဲကမယ်”ပရောဂျက်အတွက် ထိုင်းဘတ်တွေအသီးသီးလှူဒါန်းပေးခဲ့ကြပြီး ဒေါင်းအပေါ် သူတို့ရဲ့မြတ်နိုးမှုကို ပြသလာပါတယ်။
ဒေါင်းရဲ့ ထိုင်းပရိသတ်တွေကတော့ သူတို့ရဲ့နိုင်ငံအရေးမဟုတ်တာတောင် ဒေါင်းရဲ့မျက်နှာနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ငွေကြေးတွေကို ကူညီလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒေါင်းရဲ့ ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကတော့ တကယ့်ကိုချီးကျူးစရာပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Daung’s fb