“တော်လှန်ရေးဆိုသည်မှာ” ဇာတ်လမ်းရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်တွေကို ချပြလာတဲ့ ဒေါင်းနဲ့ မြတ်နိုးအေး

သရုပ်ဆောင်မင်းသားဒေါင်းကတော့ အရင်ကတည်းက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း တရားသောဓမ္မဘက်ကနေ ရပ်တည်ဖို့ သူ့ရဲ့ နေအိမ်၊ အလုပ်၊ မိသားစု အားလုံးကို စွန့်ခွာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ထို့အတူပဲ တက်သစ်စသရုပ်ဆောင်လေး မြတ်နိုးအေးဟာလည်း သူမရဲ့ နာမည်ရခါစအချိန်မှာပဲ လွတ်မြောက်နယ်မြေမှာခိုလှုံရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတာပဲဖြစ်ပါတယ်။

ယုံကြည်ချက်ချင်းတူညီတဲ့ ဒေါင်းနဲ့မြတ်နိုးအေးတို့ဟာ လတ်တလောမှာ “တော်လှန်ရေးဆိုသည်မှာ” ဇာတ်လမ်းရိုက်ကူးပေးနေပြီး တော်လှန်ရေးအတွက် ရံပုံငွေရှာဖွေပေးနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြတ်နိုးအေးက “တော်လှန်ရေးဆိုသည်မှာ” ဇာတ်လမ်းတွဲ အပိုင်း (၈) ရိုက်ကူးစဉ်က ရိုက်ကွင်းပေါ်ကအမှတ်တရဓာတ်ပုံတွေကို အခုလိုပဲပြသလာပါတယ်။

ဒေါင်းနဲ့မြတ်နိုးအေးတို့ကတော့ သူတို့ကျွမ်းကျင်တဲ့ သရုပ်ဆောင်ပညာနဲ့ တော်လှန်ရေးအတွက် ရံပုံငွေရှာဖွေပေးနေသလို ပြည်သူလူထု သွေးအေးမသွားစေဖို့ကိုလည်း လှုံ့ဆော်ပေးနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါင်းနဲ့ မြတ်နိုးအေးတို့ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Noe Aye – မြတ်နိုးအေး ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

“ေတာ္လွန္ေရးဆိုသည္မွာ” ဇာတ္လမ္း႐ိုက္ကြင္းေပၚက အမွတ္တရပုံရိပ္ေတြကို ခ်ျပလာတဲ့ ေဒါင္းနဲ႔ ျမတ္ႏိုးေအး

သ႐ုပ္ေဆာင္မင္းသားေဒါင္းကေတာ့ အရင္ကတည္းက လူထုေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကို ယုံၾကည္ေလးစားခဲ့သူျဖစ္ၿပီး စစ္အာဏာသိမ္းမႈျဖစ္စဥ္မွာလည္း တရားေသာဓမၼဘက္ကေန ရပ္တည္ဖို႔ သူ႔ရဲ႕ ေနအိမ္၊ အလုပ္၊ မိသားစု အားလုံးကို စြန႔္ခြာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ထို႔အတူပဲ တက္သစ္စသ႐ုပ္ေဆာင္ေလး ျမတ္ႏိုးေအးဟာလည္း သူမရဲ႕ နာမည္ရခါစအခ်ိန္မွာပဲ လြတ္ေျမာက္နယ္ေျမမွာခိုလႈံရင္း စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ေနတာပဲျဖစ္ပါတယ္။

ယုံၾကည္ခ်က္ခ်င္းတူညီတဲ့ ေဒါင္းနဲ႔ျမတ္ႏိုးေအးတို႔ဟာ လတ္တေလာမွာ “ေတာ္လွန္ေရးဆိုသည္မွာ” ဇာတ္လမ္း႐ိုက္ကူးေပးေနၿပီး ေတာ္လွန္ေရးအတြက္ ရံပုံေငြရွာေဖြေပးေနတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ျမတ္ႏိုးေအးက “ေတာ္လွန္ေရးဆိုသည္မွာ” ဇာတ္လမ္းတြဲ အပိုင္း (၈) ႐ိုက္ကူးစဥ္က ႐ိုက္ကြင္းေပၚကအမွတ္တရဓာတ္ပုံေတြကို အခုလိုပဲျပသလာပါတယ္။

ေဒါင္းနဲ႔ျမတ္ႏိုးေအးတို႔ကေတာ့ သူတို႔ကြၽမ္းက်င္တဲ့ သ႐ုပ္ေဆာင္ပညာနဲ႔ ေတာ္လွန္ေရးအတြက္ ရံပုံေငြရွာေဖြေပးေနသလို ျပည္သူလူထု ေသြးေအးမသြားေစဖို႔ကိုလည္း လႈံ႕ေဆာ္ေပးေနတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေဒါင္းနဲ႔ ျမတ္ႏိုးေအးတို႔ရဲ႕ ပုံရိပ္ေတြကိုၾကည့္ၿပီး ေက်နပ္ၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Myat Noe Aye – ျမတ္ႏိုးေအး ‘s fb

error: Alert: Content is protected !!