တော်လှန်ရေးကို အနှောက်အယှက်ပြုပြီး စော်ကားနေသူတွေရှိတာကြောင့် ချစ်တဲ့ပရိသတ်တွေကို တောင်းဆိုချက်တစ်ခုပြုလုပ်လာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံး ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မင်းမော်ကွန်းက တော်လှန်ရေးမှာ သူကိုယ်တိုင်လည်း အလုပ်၊ မိသားစု၊ စည်းစိမ်အိုးအိမ်တို့ကို စွန့်လွှတ်ပြီး အရေးတော်ပုံအောင်မြင်ဖို့ ကြိုးစားနေသလို သူ့ရဲ့မျက်စိထဲမှာလည်း အဆင်မပြေတာတွေကိုလည်း အားမနာစတမ်းပြောဆိုတတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ မင်းမော်ကွန်းက တော်လှန်ရေးနဲ့ပတ်သက်ပြီး သူ့ကိုမဟုတ်မမှန်ပြောဆိုတာတွေကို လုံးဝလက်မခံဘူးလို့ ပြောလာပါတယ်။

မင်းမော်ကွန်းက “ကျေးဇူးပြုပြီးကျွန်တော့်ကို follow မလုပ်ပါနဲ့။ ကျွန်တောတင်တဲ့ post တိုင်းက public ပါ။ အကုန်မြင်ရပါတယ်။ သူများကို followers တွေကျအောင်လုပ်ပြီး Followers ရှာနေတယ။ တစ်စက်ကလေးမှ အပြောမခံနိုင်ပါဘူး။ နိုင်ငံရေးခုတုံးလုပ်နာမယ်ကြီးချင်နေတာမဟုတ်ပါ။တော်လှန်ရေးမတိုင်ခင်နှစ် နှစ်ဆယ်လောက်ထဲက ကျွန်တော့်အနုပညာကိုအားပေးတဲ့သူတွေရှိပြီးသားပါ။ ကျွန်တော်တို့တော်လှန်ရေးကိုနှောက်ယှက်နေတဲ့ ကိစ္စတွေကိုပြောနေခြင်းပဲဖြစ်ပါတယ်။ ကျေးဇူးပြုပြီး follow မလုပ်ခြင်းဖြင့် ကူညီပေးပါ” ဆိုပြီး ပြောလာပါတယ်။

မင်းမော်ကွန်းကတော့ လွန်ခဲ့တဲ့နှစ် (၂၀) ကျော်ကတည်းက ယနေ့အချိန်ထိ အနုပညာနဲ့ပတ်သက်လာရင် ပရိသတ်တွေ ချစ်ခင်အားပေးမှုကို အများအပြားရရှိထားသူဖြစ်ပြီး သူ့အနေနဲ့ နိုင်ငံရေးကို အသုံးချပြီး Follower ရှာစရာမလိုဘူးဆိုတာ သူ့ကိုချစ်တဲ့ ပရိသတ်တွေအားလုံးကတော့ သိပြီးသားဖြစ်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Kyaw Htay Lwin ‘s fb

error: Alert: Content is protected !!