တောင်ငူက ပရိသတ်တွေကို စော်ကားပြီး အရှက်ခွဲမိသလိုဖြစ်ရင် တောင်းပန်ပါတယ်လို့ အတိအလင်းဖြေရှင်းလာတဲ့ လမင်းကဗျာ

ဇာတ်ပို့သရုပ်ဆောင် လမင်းကဗျာကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လမင်းကဗျာဟာ အခုဆိုရင် DJ Moon ဆိုပြီး DJ တစ်ယောက်အဖြစ် ပွဲတွေတီးနေပြီဖြစ်ပြီး အနုပညာနယ်ပယ်သစ်ကို ချဲ့ထွင်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ လမင်းကဗျာက တောင်ငူက ဟိုတယ်တစ်ခုမှာ ပွဲတီးပေးခဲ့ရပြီး သူမရဲ့ ဖျော်ဖြေချိန်ကိုလွတ်သွားတဲ့ ပရိသတ်တွေကို အလကားပြန်လည်ဖျော်ဖြေပေးခဲ့ရာ ပရိသတ်တွေက ကျေးဇူးတင်လို့ ထိုင်ကန်တော့ခဲ့ကြတယ်ဆိုပြီး ပိုစ့်တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပို့စ်နဲ့ပတ်သက်ပြီး လမင်းကဗျာက “Mayday မှာတင်မိတဲ့ ဒီ post အတွက် လမင်းတောင်းပန်ပါတယ်။ ဘာရည်ရွယ်မှမရှိပါဘူး😖 ဒါကို စခရင်လျော့ယူပီး အတင်ခံလိုက်ရတာပါ😒 အရှက်ခွဲတာလဲ မဟုတ်ရပါဘူး🥲 ကိုယ့်ထက်ငယ်တဲ့ ကလေးတွေက ကိုယ့်ကို ချစ်လို့ခင်လို့ ကိုယ်က အနုပညာကျေး မယူပဲစေတနာနဲ့ DJ ဖွင့်ပေးတာကို သူတို့က အသိမှတ်ပြုပေး တဲ့သဘောနဲ့ ကန်တော့ကြတာပါ။ ပိုက်ဆံပေးရင်မယူမှာစိုးလို့ ကန်တော့ပြီးပေးတာပါ။ လမင်းကလဲ ပီတိဖြစ်လို့ အဲ့ညကမစဉ်းစားမဆင်ခြင်ပဲ တင်မိတာပါ 😰 ရိုးသားတဲ့ တောင်ငူသားလေးတွေလို့ပြောမိလို့ တောင်ငူက အကိုတွေ မောင်လေးတွေကို စော်ကားသလို အရှက်ခွဲမိသလို ဖြစ်ရင် လမင်းတောင်းပန်ပါတယ်ရှင်🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပြောလာတာပဲ ဖြစ်ပါတယ်။

လမင်းကဗျာကတော့ သူမတင်လိုက်တဲ့ပိုစ့်ကြောင့် အလှောင်ခံ၊ အဟားခံလိုက်ရတဲ့ တောင်ငူပရိသတ်တွေကို စိတ်ရင်းနဲ့ ပြန်လည်တောင်းပန်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လမင်းကဗျာရဲ့ ဖြေရှင်းချက်လေးကိုဖတ်ပြီး စိတ်ရှင်းသွားကြမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lamin Kabyar’s fb

တောင်ငူက ပရိသတ်တွေကို စော်ကားပြီး အရှက်ခွဲမိသလိုဖြစ်ရင် တောင်းပန်ပါတယ်လို့ အတိအလင်းဖြေရှင်းလာတဲ့ လမင်းကဗျာ

ဇာတ်ပို့သရုပ်ဆောင် လမင်းကဗျာကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လမင်းကဗျာဟာ အခုဆိုရင် DJ Moon ဆိုပြီး DJ တစ်ယောက်အဖြစ် ပွဲတွေတီးနေပြီဖြစ်ပြီး အနုပညာနယ်ပယ်သစ်ကို ချဲ့ထွင်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ လမင်းကဗျာက တောင်ငူက ဟိုတယ်တစ်ခုမှာ ပွဲတီးပေးခဲ့ရပြီး သူမရဲ့ ဖျော်ဖြေချိန်ကိုလွတ်သွားတဲ့ ပရိသတ်တွေကို အလကားပြန်လည်ဖျော်ဖြေပေးခဲ့ရာ ပရိသတ်တွေက ကျေးဇူးတင်လို့ ထိုင်ကန်တော့ခဲ့ကြတယ်ဆိုပြီး ပိုစ့်တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပို့စ်နဲ့ပတ်သက်ပြီး လမင်းကဗျာက “Mayday မှာတင်မိတဲ့ ဒီ post အတွက် လမင်းတောင်းပန်ပါတယ်။ ဘာရည်ရွယ်မှမရှိပါဘူး😖 ဒါကို စခရင်လျော့ယူပီး အတင်ခံလိုက်ရတာပါ😒 အရှက်ခွဲတာလဲ မဟုတ်ရပါဘူး🥲 ကိုယ့်ထက်ငယ်တဲ့ ကလေးတွေက ကိုယ့်ကို ချစ်လို့ခင်လို့ ကိုယ်က အနုပညာကျေး မယူပဲစေတနာနဲ့ DJ ဖွင့်ပေးတာကို သူတို့က အသိမှတ်ပြုပေး တဲ့သဘောနဲ့ ကန်တော့ကြတာပါ။ ပိုက်ဆံပေးရင်မယူမှာစိုးလို့ ကန်တော့ပြီးပေးတာပါ။ လမင်းကလဲ ပီတိဖြစ်လို့ အဲ့ညကမစဉ်းစားမဆင်ခြင်ပဲ တင်မိတာပါ 😰 ရိုးသားတဲ့ တောင်ငူသားလေးတွေလို့ပြောမိလို့ တောင်ငူက အကိုတွေ မောင်လေးတွေကို စော်ကား သလို အရှက်ခွဲမိသလို ဖြစ်ရင် လမင်းတောင်းပန်ပါတယ်ရှင်🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပြောလာတာပဲ ဖြစ်ပါတယ်။

လမင်းကဗျာကတော့ သူမတင်လိုက်တဲ့ပိုစ့်ကြောင့် အလှောင်ခံ၊ အဟားခံလိုက်ရတဲ့ တောင်ငူပရိသတ်တွေကို စိတ်ရင်းနဲ့ ပြန်လည်တောင်းပန်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လမင်းကဗျာရဲ့ ဖြေရှင်းချက်လေးကိုဖတ်ပြီး စိတ်ရှင်းသွားကြမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lamin Kabyar’s fb

error: Alert: Content is protected !!