တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် မြန်မာပြည်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေသွားမယ်ဆိုတဲ့ အမွန်း

သီချင်းဆိုကောင်းရုံသာမက အသားအရည်ညိုစိမ့်စိမ့်လေးနဲ့ လှတဲ့ အမွန်းဟာ နိုင်ငံခြားမော်ဒယ်တွေတောင် အရှုံးပေးရလောက်တဲ့ ကိုယ်ပိုင်စတိုင်လ်ရှိသူတစ်ယောက်ပါ။ အမွန်းဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရဲ့ခင်ပွန်းနဲ့အတူတူ ပြင်သစ်နိုင်ငံမှာနေထိုင်နေလျက်ရှိတာဖြစ်ပြီး အဝေးကနေ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို မြန်မာပြည်အရေးကိုလည်း အမြဲမျက်ခြေမပြတ်စောင့်ကြည့်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အမွန်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် မြန်မာပြည်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေသွားမယ်ဆိုပြီး ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

အမွန်းက “အားလုံးပဲ မင်္ဂလာပါ ! တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ် ၊ ချန်းဝမ်မြို့မှာ ကျင်းပမည့် MAMF အာဆီယံယဉ်ကျေးမှုဖလှယ်ပွဲ နဲ့ မြန်မာပြည်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ အမွန်းလည်းပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စနေနေ့ ည ၆:၃၀ မှ ၈:၃၀ ထိ ကိုရီးယား နိုင်ငံကျော် Kpop အဆိုတော်များရဲ့ KPOP Show ကိုလည်း တစ်နေရာတည်းမှာ ဆက်လက်ကြည့်ရှုအားပေးနိုင်ပါသေးတယ်။ စနေနေ့မှာ လာရောက် အားပေးပြီးနောက် တနင်္ဂနွေနေ့မှာလည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုရိုးရာအက၊ တေးသီချင်း နှင့် မြန်မာနိုင်ငံ၏ အငွေ့အသက်များကို မနက် ၉:၀၀နာရီမှ ည ၈:၃၀ ထိ မြင်တွေ့ခံစားနိုင်မည့် အစီအစဉ် နှင့် အတူ အခြားအစီအစဉ်တွေလည်း အများကြီး ပြင်ဆင်ထားပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

အမွန်းကတော့ အာဆီယံယဉ်ကျေးမှုဖလှယ်ပွဲ နဲ့ မြန်မာပြည်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ ကိုရီးယား နိုင်ငံကျော် Kpop အဆိုတော်များနဲ့အတူတူ ဖျော်ဖြေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အမွန်းကတော့ တိုင်းတစ်ပါးမှာရှိနေပေမယ့် မြန်မာပြည်အတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ ရန်ပုံငွေတွေရှာဖွေပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ah Moon ‘s fb

error: Alert: Content is protected !!