တောင်ကိုရီးယားနိုင်ငံမှာနေထိုင်ရင်း သီချင်း MV တစ်ပုဒ်မှာ ပါဝင်သရုပ်ဆောင်ပေးနေလျက်ရှိတဲ့ နေခြည်ရွှန်းလက်

“ပုဂံမြို့သူ”၊ “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသမီးလေး နေခြည်ရွှန်းလက်ကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ နေခြည်ရွှန်းလက်ဟာ အနုပညာသက်တမ်းနုနယ်သေးပြီး ဇာတ်လမ်းအချို့မှာပဲ ပါဝင်သရုပ်ဆောင်နေရချိန် စစ်အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် သူမအနေနဲ့လည်း ဝရမ်းထုတ်ခံခဲ့ရပြီး နိုင်ငံရပ်ခြားမှာရွှေ့ပြောင်းနေထိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်ဟာ လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံမှာနေထိုင်နေလျက်ရှိပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေခြည်ရွှန်းလက်ဟာ သူမအနေနဲ့ အချိန်အတော်ကြာမှ ပြန်လည်သရုပ်ဆောင်ဖြစ်တဲ့ သီချင်း MV လေးပေါ်က အမှတ်တရကိုမျှဝေလာပါတယ်။ နေခြည်ရွှန်းလက်က ကိုရီးယားရောက်မြန်မာအဆိုတော်ဖြစ်တဲ့ Leo D ရဲ့ “ကတိ”လို့ အမည်ပေးထားတဲ့ သီချင်း MV လေးမှာ ချစ်စရာကောင်းစွာ သရုပ်ဆောင်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

နေခြည်ရွှန်းလက်ကတော့ နှစ်နှစ်ကျော်ကြာ ဖန်သားပြင်ပေါ်က ပျောက်ကွယ်သွားခဲ့ပြီးမှ ပရိသတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ရွှန်းလက်သရုပ်ဆောင်ထားတဲ့ “ကတိ” သီချင်းလေးထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nay Chi Shoon Lak’s fb

error: Alert: Content is protected !!