တူမလေးလိုချစ်ရတဲ့ သရုပ်ဆောင်ရတနာဗိုလ်ရဲ့ စားသောက်ကုန်လုပ်ငန်းကို ကူညီကြော်ငြာပေးမယ်ဆိုတဲ့ ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒကတော့ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ညီနန္ဒဟာ အခုလက်ရှိအသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လာခဲ့ပြီး တစ်ဖက်မှာလည်း Live Sale ရောင်းချခြင်းကို အချိန်ပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ညီနန္ဒက အနုပညာလောကထဲက တူမလေး ရတနာဗိုလ်ရဲ့ စားသောက်ကုန်လုပ်ငန်းလေးကို ကူညီပြီးလုပ်ကိုင်တော့မယ့်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ကျွန်တော်နဲ့ တူမလေးရတနာဗိုလ် အရင်ကတည်းက သိခဲ့ကြပေမယ့် Covid တွေမဖြစ်ခင် ဇာတ်လမ်းတွဲတစ်ခုမှာ သားအဖအဖြစ်သရုပ်ဆောင်ခဲ့ကြပြီးနောက်ပိုင်းမှာ ပိုပြီး ရင်းနှီးခဲ့ကြပါတယ်။ မဆုံဖြစ်ကြတာကြာပြီးနောက်ပိုင်း တူမလေး ရတနာဗိုလ် က အမေပြုံး-စားသောက်ကုန်လုပ်ငန်း နာမည်နဲ့ အလှူတော်ကြီး ငါးခြောက်ချက်, အလှူတော်ကြီး ငါးခြောက်ထိုး နှစ်မျိုးကို အသင့်စား “ready to eat” system နဲ့ စနစ်တကျထုတ်ပိုး ထုတ်လုပ်ထားပြီး ကျွန်တော့ကို လက်ဆောင်လာပေးပါတယ်။ အဆင်သင့်စားလို့ရတဲ့ “ready to eat” ငါးခြောက်ချက် နဲ့ ငါးခြောက်ထိုးကို စားပြီးတဲ့အချိန်မှာတော့ ဒီအစားအသောက်ရဲ့ဈေးနှုန်း, အရသာနဲ့ ထုတ်ပိုးမှုပုံစံက မြန်မာနိုင်ငံမှာတင်မကပဲ တစ်ကမ္ဘာလုံးကိုဖြန့်ချီပြီးအောင်မြင်သင့်တယ်လို့ ကျွန်တော်မှတ်ချက်ပြုပါတယ်။ အရှေ့မှာလည်း ကျွန်တော့Idolကြီး Ko J Nyi Nyi က လမ်းပြခဲ့ပြီးပါပြီ။ ကျွန်တော်အနုပညာတလောကလုံးကို မစောင့်ရှောက်နိုင်ပေမယ့် လက်လှမ်းမှီတဲ့ ညီအစ်ကိုမောင်နှမတွေ တူတွေတူမတွေအပေါ်မှာတော့ ကိုယ်စွမ်းနိုင်သလောက်အမြဲကြိုးစားကူညီပါ့မယ်။ မနက်ဖြန် (၁၇.၈.၂၂) ည ၇နာရီ မှာ ကျွန်တော်တူမလေးလိုချစ်ခင်ရတဲ့ ရတနာဗိုလ် ရဲ့ ငါးခြောက်ချက် နဲ့ ငါးခြောက်ထိုးကို အရသာခံစားပြပြီး ကျွန်တော်လက်လှမ်းမှီသလောက် မိတ်ဆက်ပေးပါရစေ…🤍🙏🤍”

ညီနန္ဒကတော့ အနုပညာတလောကလုံးကို မစောင့်ရှောက်နိုင်ပေမယ့် လက်လှမ်းမှီတဲ့ ညီအစ်ကိုမောင်နှမတွေ တူတွေတူမတွေအပေါ်မှာတော့ ကိုယ်စွမ်းနိုင်သလောက်အမြဲကြိုးစားကူညီပါ့မယ်ဆိုတဲ့ စိတ်ထားလေးကတော့ တကယ့်ကိုလေးစားစရာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nyi Nanda ‘s fb

error: Alert: Content is protected !!