တိုင်းရေးပြည်ရေးအတွက် ဆူပူပြောမိလည်း အပြစ်မမြင်ကြတဲ့ ပရိသတ်ပြည်သူတွေကြောင့် ပီတိဖြစ်နေရတဲ့ မင်းမော်ကွန်း
သရုပ်ဆောင် မင်းမော်ကွန်းကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံး ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မင်းမော်ကွန်းက တော်လှန်ရေးမှာ သူကိုယ်တိုင်လည်း အလုပ်၊ မိသားစု၊ စည်းစိမ်အိုးအိမ်တို့ကို စွန့်လွှတ်ပြီး အရေးတော်ပုံအောင်မြင်ဖို့ ကြိုးစားနေသလို သူ့ရဲ့မျက်စိထဲမှာလည်း အဆင်မပြေတာတွေကိုလည်း အားမနာစတမ်းပြောဆိုတတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ မင်းမော်ကွန်းက သူ့ရဲ့နာမည်ကိုတပ်ပြီး “မမများနဲ့ပွဲကမယ်” ပရောဂျက်မှာ သြစတေးလျဒေါ်လာ (၂၀၀) လှူဒါန်းခဲ့တဲ့ အလှူရှင်နဲ့ ပတ်သက်ပြီး အခုလိုပဲပြောလာပါတယ်။
မင်းမော်ကွန်းက “မမများနဲ့ပွဲကမယ်” ပရောဂျက်မှာ “ကိုကျော်ဆူလို့” ဆိုပြီး သြစတေးလျဒေါ်လာ (၂၀၀) လှူဒါန်းခဲ့တဲ့ အလှူရှင်ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကိုပြသကာ “ကျေးဇူးတင်ပါတယ် ချစ်ခင်လေးစားပါတယ်။ နောက်ဆိုမဆူလည်းဝန်းရန်ကြပါ။ ကျွန်တော့်အတွက်တပြားသားမှမပါပါဘူး။ တိုင်းပြည်အတွက်အသက်ပေးနေကြတဲ့ ရဲဘော်ရဲဘက်တွေအတွက်ပါ” ဆိုပြီး ပြောလာပါတယ်။
မင်းမော်ကွန်းကတော့ သူဆူပူတယ်ဆိုတာ သူ့ရဲ့ကိုယ်ကျိုးအတွက်မဟုတ်ပဲ တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်နေကြတဲ့ ရဲဘော်ရဲဘက်တွေအတွက်သာလို့ ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မင်းမော်ကွန်း ဘယ်လောက်ပဲဆူဆူ အချစ်မလျော့ပဲ လေးစားပြီးရင်းလေးစားနေရပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Kyaw Kyaw Htay Lwin’s fb