တိုင်းပြည်အခြေအနေကြောင့် မထုတ်တော့ဘူးဆုံးဖြတ်ခဲ့တဲ့ ဇေယျာသော်နောက်ဆုံးဆိုခဲ့တဲ့”ငါတို့ဒဏ္ဍာရီ” သီချင်းကို ချပြလာတဲ့ ရန်ရန်ချမ်း

ACID အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို NLD ပါတီဝင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ ဇေယျာသော်ကတော့ စစ်ကောင်စီရဲ့ မတရားအပြစ်ပေးမှုနဲ့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဇေယျာသော်ကွယ်လွန်ခြင်းအတွက် တစ်နိုင်ငံလုံးက စိတ်မကောင်းဖြစ်နေကြသလို ဇေယျာသော်ရဲ့ သူငယ်ချင်း ACID အဖွဲ့က ရန်ရန်ချမ်းကလည်း စိတ်မကောင်းကြီးစွာဖြစ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မနေ့က ဇူလိုင်လ (၂၇) ရက်နေ့ညမှာတော့ ရန်ရန်ချမ်းက ဇေယျာသော်နောက်ဆုံးဆိုသွားခဲ့တဲ့ သီချင်းလေးကို ချပြလာခဲ့ပါတယ်။

ရန်ရန်ချမ်းက “ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။ အမှန်ကဒီသီချင်းလေးမှာတစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်အကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့်ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမဲ့ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ယူစတာရော ဒီသီချင်းလေးကိုဝိုင်းclick ရာကရတဲ့ငွေတွေကိုတော်လှန်ရေးအတွက်အသုံးပြုချင်တာရောကြောင့်ထုတ်ဖြစ်ခဲ့ပါတယ်။ ” ဆိုပြီး ဇေယျာသော်ရဲ့ နောက်ဆုံးသီချင်း “ငါတို့ဒဏ္ဍာရီ” သီချင်းကို မျှဝေလာပါတယ်။

“ငါတို့ဒဏ္ဍာရီ” သီချင်းလေးကို WE CLICK Youtube စာမျက်နှာမှာတင်ထားတာဖြစ်ပြီး ပရိသတ်တွေလည်း သီချင်းလေးကို နားဆင် Click ရင်း တော်လှန်ရေးအတွက် အလှူငွေတွေ လှူဒါန်းလို့ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ငါတို့ဒဏ္ဍာရီ” သီချင်းလေး နားဆင်ရင်း သူရဲကောင်းကြီးဇေယျာသော်ကို သတိရနေမိမယ်ဆိုတာ အသေအချာပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yan Yan Chan ‘s fb

error: Alert: Content is protected !!