Source: Saw Chris MooLer’s fb
တိုင်းပြည်မှာဘာမှမဖြစ်နေသလို အရာအားလုံးဟာပုံမှန်လိုပြန်ဖြစ်နေကြပြီလို့ ကဗျာလေးနဲ့ ခံစားချက်တွေဖွင့်ဟလာတဲ့ မူးလာ
အဆိုတော်မူးလာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများကျော်ကြားလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မူးလာဟာ အောင်မြင်နေဆဲအချိန်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်အာဏာရှင်လူတစ်စုကိုဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ မှန်ရာကိုလုပ်ဖို့ဝန်မလေးသလို မှန်ရာကိုပြောဖို့လည်း ရဲရဲဝံ့ဝံ့ထုတ်ပြောလေ့ရှိတဲ့ မူးလာက ဒီကနေ့မှာလည်း သူ့ရဲ့ခံစားချက်အချို့ကို ကဗျာလေးအဖြစ်ရေးသားခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
“မသိရင် အရာအားလုံးဟာ ပုံမှန်လိုပဲ ဖိတ်ခေါ်နေကြတယ် တက်ရောက်နေကြတယ် ကျင်းပနေကြတယ် မြူးတူးနေကြတယ် မသိရင် အရာအားလုံး ပုံမှန်လိုပဲ သွားလာနေကြတယ် လှုပ်ရှားနေကြတယ် ရှာနေကြတယ် တွေ့နေကြတယ် မသိရင်ပုံမှန်လိုပဲ ဟော……….. တိုက်နေကြတယ် ပစ်နေကြတယ် အသက်ပေးနေကြရတယ် မျှော်လင့်ချက်တွေပျောက်ဆုံးနေရတယ် မသိရင် အရာအားလုံး ပုံမှန်လိုပဲ မသိရင် အရာအားလုံးပုံမှန်လိုပဲ ဖိတ်ခေါ်ပါတယ် တက်ရောက်ကြပါ ကျင်းပနေတယ် ကူညီကြပါ ရင်ဆိုင်နေတယ် ဖေးကူကြပါ တောင်းခံနေတယ် ဖြည့်ဆည်းကြပါ တော်လှန်ရေးအတွက် တဖက်လှည့်ရင် ငါတို့လည်း ပုံမှန်လိုနေရမှာပေါ့ကွာ မသိရင် အရာအားလုံး ပုံမှန်လိုပဲ #မူးလာ” ဆိုပြီး သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။
မူးလာကတော့ တိုင်းပြည်တစ်ပြည်မှာ အသက်ပေးပြီး စွန့်စားနေကြသလို အချို့ကတော့ အသွားအလာ အစားအသောက်မပျက်ဘူးလို့ ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မူးလာနဲ့တကွ ရဲဘော်တွေအားလုံး ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝပြီး အောင်မြင်မှုပန်းတိုင်ဆီ အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Saw Chris MooLer’s fb