တိုင်းပြည်နွံထဲကျနေတာတောင် နိုင်ငံခြားကဂီတဖျော်ဖြေပွဲသွားနေကြတဲ့ အနုပညာရှင်တွေကို သရော်လိုက်တဲ့ နိုဗန်ထူး
The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Winner တစ်ယောက်ဖြစ်တဲ့ နိုဗန်ထူးကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ယူနေသူတစ်ယောက်ဖြစ်ပါတယ်။ နိုဗန်ထူးဟာ တစ်နှစ်ကျော်အတွင်းမှာ သူ့ရဲ့အနုပညာအိုးအိမ်တို့ကို စွန့်လွှတ်ထားပြီး တော်လှန်ရေးအတွက်ပဲ အားသွန်ခွန်စိုက် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နိုဗန်ထူးက Tomorrow Land ဂီတဖျော်ဖြေပွဲကို သွားရောက်ကြတဲ့ အနုပညာရှင်တွေကို ဒဲ့ပြောလာခဲ့တာကို တွေ့ရပါတယ်။
နိုဗန်ထူးက ဘယ်လ်ဂျီယံနိုင်ငံ Brussels မှာ ကျင်းပပြုလုပ်တဲ့ Tomorrowland ဂီတဖျော်ဖြေပွဲကို သွားရောက်ကြတဲ့ အနုပညာရှင်တွေနဲ့ မြန်မာတွေအားလုံးကို “Tomorrow Land သွားပြီး မြန်မာကဆိုပြီးကြွယ်ပြနေတော့ လူတွေ ဝိုင်းမကြည့်ကြဘူးလား။ အရှေ့တောင်အာရှက အမွဲဆုံး ချီးတွင်းနိုင်ငံကဆိုပြီး အံဩပြီးတော့” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
Tomorrowland ဂီတဖျော်ဖြေပွဲကို မြန်မာအနုပညာရှင်တွေထဲက လူသိများကြသူတွေဖြစ်တဲ့ ငြိမ်းသော်၊ ဟန်လေး၊ ခင်ရူပ စတဲ့သူတွေ သွားရောက်ခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်အဆင်မပြေချိန်မှာ ဒေါ်လာထောင်ချီသောင်းချီ အကုန်ခံပြီး ဒီလိုပွဲမျိုးသွားနိုင်တယ်ဆိုတာကတော့ အံ့သြစရာပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Novem Htoo ‘s fb