တိုင်းပြည်တစ်ခုတည်းနေပြီး ဒုက္ခရောက်နေသူတွေရှိတာတောင် တချို့တွေက ဟီးဟီးဟားဟားလုပ်နိုင်တုံးပဲလို့ ဒဲ့ပြောလာတဲ့ ကိုပေါက်
ပြည်သူချစ် သရုပ်ဆောင်၊ ဒါရိုက်တာကြီး ကိုပေါက်ကတော့ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာတွေကြားမှာ သူ့ရဲ့ခံယူချက်နဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာပြသနိုင်ခဲ့သူတစ်ယောက်ပါပဲ။ မိသားစု၊ အလုပ်အကိုင် အားလုံး အဆင်ပြေစွာရှိနေတဲ့ ကိုပေါက်ဟာ စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကိုရောက်ရှိလာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ရဲဘော်တွေနဲ့ တစ်သွေးတည်းတစ်သားတည်းရှိနေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကိုပေါက်က သူတို့ရဲ့မြေပြင်တောတောင်က အခြေအနေတွေနဲ့ မြို့ပေါ်က ရေပေါ်ဆီလူတန်းစားတို့ရဲ့ အခြေအနေဟာများစွာကွာခြားကြောင်း ပြသလာပါတယ်။
ကိုပေါက်က “စစ်ကိုင်းဘက် အခြေအနေက မြင်ရတဲ့အတိုင်း အရမ်းဆိုးနေပြီ။တစ်ချို့လူတွေ ဟီးဟီးဟားဟားတွေ လုပ်လို့မဝသေးတာလား? တမင်ရွဲ့ လုပ်နေကြတာလား။ ကျနော်မသိလို့ မေးတာပါ။ ခင်ဗျားတို့ အမှတ်မရှိတာလား? ပျော်ပျော်ကြီး ခေါင်းငုံ့ခံလိုက်ကြတာလား? ၂ လပိုင်း ၁ရက်နေ့က အပူရှိန်က အခုထိ ပူနေတုန်းနော်။ ခင်ဗျားတို့အတွက် အေးချမ်းသွားကြပြီလား။ ခင်ဗျားတို့ အပူမဟပ်တော့ အေးနေတယ်ဆိုရင်လည်းအေးပါစေ။ ကျနော် အပြစ်မပြောပါဘူး။ တစ်ခုလေးပဲ မှာချင်တာက ခင်ဗျားတို့ တော်တော်အမှတ်သည်းခြေနည်းတာပဲ။ အေးချမ်းတဲ့နေရာ ဝန်းကျင်ကနေ အလုပ်တွေအများကြီး လုပ်ပေးကြဖို့ တောင်းဆိုချင်တာပါ။ ခင်ဗျားတို့ ရုန်းကန်နေကြရတာလည်း ကျနော်နားလည်တယ်။ အပြစ်လည်းမပြောရက်သလို ပြောလည်းမထွက်ဘူး။”
” ခင်ဗျားတို့ ခိုင်းတာလုပ်ပေးဖို့ ကျနော် မြေပြင်မှာရှိနေတယ်လေ။ ခိုင်းစမ်းပါ။ ကျနော့ကို နာနာခိုင်စမ်းပါ။ ခင်ဗျားတို့ သွေးတွေ အေးမသွားအောင် နေပေးပါ။ သွေးမအေးပါဘူးလို့ လူကြားကောင်အောင်လောက်တော့ ပြန်မဖြေပါနဲ့။ ကျနော်အားလုံးကိုချစ်တယ်။ လေးစားတယ်။ ခင်ဗျားတို့ပါဝင်ခဲ့တဲ့ ကားဟွန်းသံအရှည်ကြီးတွေ၊ လက်သုံးချောင်းထောင်ပေးခဲ့တာတွေ၊၂ငါးလုံးမှာ လမ်းပေါ်ထွက်ပေးခဲ့တာတွေ၊ကိုဗစ်မှာကူခဲ့တာတွေ၊လှူခဲ့တာတွေ၊ဘွန်းဝယ်ခဲ့တာတွေ၊ကလစ်လုပ်ခဲ့ကြတာတွေ အားလုံး အားလုံးကို ကျနော်ကျေးဇူးတင်နေပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မပြောရက်ပေမယ့် အင်အားထပ်ထည့်ပေးကြဖို့ ကျနော် တောင်းဆိုပါတယ်။ ကျနော် အဆင်ပြေပါတယ်။ ခင်ဗျားတို့ အဆင်မပြေမှာပဲ စိုးတာ။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
ကိုပေါက်တို့လို တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပေးနေတဲ့ အနုပညာရှင်တွေရှိသလို အရင်အတိုင်း ဟန်မပျက်သွားလာစားသောက် အလုပ်လုပ်ကိုင်နေတဲ့ အနုပညာရှင်တွေများစွာလည်းရှိပြီး တောထဲတောင်ထဲ ဆင်းရဲဒုက္ခခံနေတဲ့ ရဲဘော်တွေရှိသလို သွားလာစားသောက် အပျော်ခရီးတွေထွက်နေကြတဲ့ လူတွေလည်းများစွာရှိနေပြီပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aung Min Naing ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
တိုင္းျပည္တစ္ခုတည္းေနၿပီး ဒုကၡေရာက္ေနသူေတြရွိတာေတာင္ တခ်ိဳ႕ေတြက ဟီးဟီးဟားဟားလုပ္ႏိုင္တုံးပဲလို႔ ဒဲ့ေျပာလာတဲ့ ကိုေပါက္
ျပည္သူခ်စ္ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာႀကီး ကိုေပါက္ကေတာ့ လက္ရွိျမန္မာ့ႏိုင္ငံေရးျပႆနာေတြၾကားမွာ သူ႔ရဲ႕ခံယူခ်က္နဲ႔ ရပ္တည္ခ်က္ကို ခိုင္ခိုင္မာမာျပသႏိုင္ခဲ့သူတစ္ေယာက္ပါပဲ။ မိသားစု၊ အလုပ္အကိုင္ အားလုံး အဆင္ေျပစြာရွိေနတဲ့ ကိုေပါက္ဟာ စစ္အာဏာရွင္လူတစ္စုကို ဆန႔္က်င္ေတာ္လွန္ဖို႔ လြတ္ေျမာက္နယ္ေျမကိုေရာက္ရွိလာခဲ့ၿပီး ဒီေန႔ဒီအခ်ိန္ထိ ရဲေဘာ္ေတြနဲ႔ တစ္ေသြးတည္းတစ္သားတည္းရွိေနဆဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ကိုေပါက္က သူတို႔ရဲ႕ေျမျပင္ေတာေတာင္က အေျခအေနေတြနဲ႔ ၿမိဳ႕ေပၚက ေရေပၚဆီလူတန္းစားတို႔ရဲ႕ အေျခအေနဟာမ်ားစြာကြာျခားေၾကာင္း ျပသလာပါတယ္။
ကိုေပါက္က “စစ္ကိုင္းဘက္ အေျခအေနက ျမင္ရတဲ့အတိုင္း အရမ္းဆိုးေနၿပီ။တစ္ခ်ိဳ႕လူေတြ ဟီးဟီးဟားဟားေတြ လုပ္လို႔မဝေသးတာလား? တမင္႐ြဲ႕ လုပ္ေနၾကတာလား။ က်ေနာ္မသိလို႔ ေမးတာပါ။ ခင္ဗ်ားတို႔ အမွတ္မရွိတာလား? ေပ်ာ္ေပ်ာ္ႀကီး ေခါင္းငုံ႔ခံလိုက္ၾကတာလား? ၂ လပိုင္း ၁ရက္ေန႔က အပူရွိန္က အခုထိ ပူေနတုန္းေနာ္။ ခင္ဗ်ားတို႔အတြက္ ေအးခ်မ္းသြားၾကၿပီလား။ ခင္ဗ်ားတို႔ အပူမဟပ္ေတာ့ ေအးေနတယ္ဆိုရင္လည္းေအးပါေစ။ က်ေနာ္ အျပစ္မေျပာပါဘူး။ တစ္ခုေလးပဲ မွာခ်င္တာက ခင္ဗ်ားတို႔ ေတာ္ေတာ္အမွတ္သည္းေျခနည္းတာပဲ။
ေအးခ်မ္းတဲ့ေနရာ ဝန္းက်င္ကေန အလုပ္ေတြအမ်ားႀကီး လုပ္ေပးၾကဖို႔ ေတာင္းဆိုခ်င္တာပါ။ ခင္ဗ်ားတို႔ ႐ုန္းကန္ေနၾကရတာလည္း က်ေနာ္နားလည္တယ္။
အျပစ္လည္းမေျပာရက္သလို ေျပာလည္းမထြက္ဘူး။”
” ခင္ဗ်ားတို႔ ခိုင္းတာလုပ္ေပးဖို႔ က်ေနာ္ ေျမျပင္မွာရွိေနတယ္ေလ။ ခိုင္းစမ္းပါ။ က်ေနာ့ကို နာနာခိုင္စမ္းပါ။ ခင္ဗ်ားတို႔ ေသြးေတြ ေအးမသြားေအာင္ ေနေပးပါ။ ေသြးမေအးပါဘူးလို႔ လူၾကားေကာင္ေအာင္ေလာက္ေတာ့ ျပန္မေျဖပါနဲ႔။ က်ေနာ္အားလုံးကိုခ်စ္တယ္။ ေလးစားတယ္။ ခင္ဗ်ားတို႔ပါဝင္ခဲ့တဲ့ ကားဟြန္းသံအရွည္ႀကီးေတြ၊ လက္သုံးေခ်ာင္းေထာင္ေပးခဲ့တာေတြ၊၂ငါးလုံးမွာ လမ္းေပၚထြက္ေပးခဲ့တာေတြ၊ကိုဗစ္မွာကူခဲ့တာေတြ၊လႉခဲ့တာေတြ၊ဘြန္းဝယ္ခဲ့တာေတြ၊ကလစ္လုပ္ခဲ့ၾကတာေတြ အားလုံး အားလုံးကို က်ေနာ္ေက်းဇူးတင္ေနပါတယ္။ ဘယ္သူ႔ကိုမွ အျပစ္မေျပာရက္ေပမယ့္ အင္အားထပ္ထည့္ေပးၾကဖို႔ က်ေနာ္ ေတာင္းဆိုပါတယ္။ က်ေနာ္ အဆင္ေျပပါတယ္။ ခင္ဗ်ားတို႔ အဆင္မေျပမွာပဲ စိုးတာ။” ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။
ကိုေပါက္တို႔လို တိုင္းျပည္အတြက္ စြန႔္လႊတ္အနစ္နာခံေပးေနတဲ့ အႏုပညာရွင္ေတြရွိသလို အရင္အတိုင္း ဟန္မပ်က္သြားလာစားေသာက္ အလုပ္လုပ္ကိုင္ေနတဲ့ အႏုပညာရွင္ေတြမ်ားစြာလည္းရွိၿပီး ေတာထဲေတာင္ထဲ ဆင္းရဲဒုကၡခံေနတဲ့ ရဲေဘာ္ေတြရွိသလို သြားလာစားေသာက္ အေပ်ာ္ခရီးေတြထြက္ေနၾကတဲ့ လူေတြလည္းမ်ားစြာရွိေနၿပီပဲျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Aung Min Naing ‘s fb