တိုင်းတစ်ပါးက နိုင်ငံခြားသားကတောင် ရေမွန့်သီချင်းကို စွဲစွဲလန်းလန်းကြိုက်တယ်ဆိုတဲ့ ဗီဒီယိုကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရတဲ့ လပြည့်ကဗျာ

တစ်နိုင်ငံလုံးက ပရိသတ်တွေ လေးစားချင်ခင်ရတဲ့ အဆိုတော်ရေမွန်ကတော့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ တစ်နှစ်ကျော်ရှိခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အောက်မေ့သတိရခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန့်ရဲ့ မိသားစုဝင်တွေကတော့ ရေမွန့်ကိုသတိရနေဆဲဖြစ်ပြီး ရေမွန်နဲ့ပတ်သက်တဲ့ တိုက်ဆိုင်မှုတွေတိုင်းမှာလည်း အောက်မေ့နေကြဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာက နိုင်ငံခြားသားကတောင် ရေမွန့်သီချင်းကို စွဲစွဲလန်းလန်းကြိုက်တယ်ဆိုတဲ့ ဗီဒီယိုကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရဆိုပြီး ပြောလာပါတယ်။

ဗီဒီယိုပိုင်ရှင်လေးက “ရေမွန်ရေ.. ငါ့ညီမရဲ့ friend (နိုင်ငံခြားသား) က သူ့ကားထဲ နင့်သီချင်းဖွင့်နေတာမြင်တော့ ငါအံ့ဩသွားတာ။ မြန်မာသီချင်းတွေထဲက I really like Raymond တဲ့ ။ သူ့ playlist ထဲ နင့်သီချင်းတွေချည်းပဲ။ May God bless you always ကွယ်” ဆိုပြီး ဗီဒီယိုလေးကိုမျှဝေထားကာ လပြည့်ကဗျာက ထိုဗီဒီယိုလေးကို Share ပြီး “ဝမ်းနည်းဝမ်းသာ ခံစားချက်ကြီးဖြစ်မိတာ နှမြောတာလဲပါတယ်” ဆိုပြီး သူမရဲ့ခံစားချက်ကို ပြောလာပါတယ်။

ရေမွန်ကတော့ လူသေသွားခဲ့ပေမယ့် သူ့ရဲ့နာမည်နဲ့ သီချင်းတွေကတော့ အမြဲတမ်းရှင်သန်နေဆဲဖြစ်ပါတယ်။ ရေမွန့်လို ပညာရှင်တစ်ယောက် စောစောစီးစီးကွယ်လွန်သွားတာ အနုပညာလောကအတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar ‘s fb

ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!