တရားဝင်ဇနီးမောင်နှံတွေအဖြစ် ပကာသနတွေမပါပဲ တရားရုံးမှာ ရိုးရိုးရှင်းရှင်းလက်ထပ်ခဲ့ကြတယ်ဆိုတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

ပြည်သူချစ် သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပြီဆိုပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကလည်း ပရိသတ်သိပြီးသား အနုပညာရှင်တွေပီပီ မောင်နဲ့ ရီရီပွင့်ဖြူက သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ပေ့ချ်လေးတစ်ခုကို တည်ထောင်ထားပြီး ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့က သူတို့နှစ်ယောက်ရဲ့ မင်္ဂလာလက်မှတ်ထိုးခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို အခုလိုပဲပြောလာပါတယ်။

“ဒီနေ့တော့ ကျွန်တော်တို့နှစ်ယောက် Legally ဇနီးမောင်နှံဖြစ်ဖို့ High Court မှာ Registration လုပ်ခဲ့တယ်။ တကယ်တော့ မင်္ဂလာလက်မှတ်ထိုးတာနဲ့ ဧည့်ခံပွဲကို April လတုန်းက စီစဉ်ခဲ့ပေမယ့် အနားနီးမှ အကြောင်းကြောင့် နောက်ဆုတ်လိုက်ရတယ်။ ဒါပေမယ့် တရားဝင် ဖြစ်ဖို့ကိစ္စကလည်း အရေးကြီးတာမို့ ရိုးရိုးရှင်းရှင်းပဲ တရားရုံးသွားပြီး လက်မှတ်ထိုးလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ … အဓိကက နှစ်ယောက်တူတူရှိနေဖို့ပါပဲ။ မိသားစုတွေအားလုံးပြန်စုံတဲ့တနေ့ မှပဲ ပျော်ရွှင်စွာနဲ့ ဧည်ခံပွဲလေး လုပ်ဖြစ်ဦးမယ်ထင်ပါတယ်….” ဆိုပြီး မောင်က သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။

မောင်ကတော့ ယောက်ဖဖြစ်သူ ဇေသီဟမရှိသေးတဲ့အချိန် မိသားစုတွေမစုံလင်သေးတာမို့ မင်္ဂလာပွဲမပြုလုပ်သေးပဲ နှစ်ယောက်သား ရိုးရိုးရှင်းရှင်း လက်မှတ်ထိုး လက်ထပ်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: SEIN PHYO & YI’s fb

error: Alert: Content is protected !!