တမင်လုပ်ယူတာမျိုးမရှိပဲ သူမရဲ့နဂိုမူရင်းပုံစံလေးကိုက ကလေးဆန်ကြောင်း ဗီဒီယိုလေးနဲ့တကွပြသလာတဲ့ ထက်ထက်မိုးဦး

မင်းသမီးချော ထက်ထက်မိုးဦးကတော့ နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ ယနေ့ထက်တိုင် အောင်အောင်မြင်မြင် ရပ်တည်နေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကြော်ငြာမင်းသမီးဆိုပြီး ပရိသတ်တွေချစ်ခဲ့ရတဲ့ ထက်ထက်မိုးဦးဟာ အခုဆိုရင် အသက်ငါးဆယ်ကျော်နေပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အရင်အတိုင်းရရှိနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ထက်ထက်မိုးဦးက ဇာတ်ကားရိုက်ကူးမှုတွေမရှိပဲ Online Live Sale တွေကိုသာ ရောင်းချပေးရင်း ချစ်ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေချစ်ရတဲ့ ထက်ထက်မိုးဦးဟာ အခုအသက်အရွယ်ရောက်တဲ့အထိ သူမရဲ့အမူအယာလေးတွေက ပြောင်းလဲသွားခြင်းမရှိပါဘူး။ ထက်ထက်မိုးဦးရဲ့ အမူအယာလေးတွေဟာ တမင်သက်သက်ဖန်တီးယူထားတာမျိုးမဟုတ်ပဲ သူမရဲ့ပင်ကိုယ်ပကတိပုံစံလေးကိုက ကလေးဆန်ဆန်နေတတ်တာကို ဒီဗီဒီယိုလေးထဲမှာ တွေ့ရမှာပါ။

ထက်ထက်မိုးဦးကတော့ ကလေးဆန်ဆန်နေတတ်တယ်ဆိုပေမယ့် အဲ့ဒီပုံစံလေးကိုက သူမရဲ့လိုက်ဖက်ပြီး ပရိသတ်တွေကလည်း အချစ်ပိုနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အသည်းတွေယားနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Htet Htet Moe Oo ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!