တဖွဲ့တည်းနေ သူငယ်ချင်းအရင်းကြီးမို့ ယုံစားမိရာမှ သိန်း(၄၀၀) လိမ်လည်သွားတဲ့ Morris အကြောင်း ရင်ဖွင့်လာတဲ့ ချမ်းမြေ့ဦး

မနေ့က ဇူလိုင်လ (၅) ရက်နေ့မှာတော့ Project K အဖွဲ့ဝင် Morris နဲ့ သူ့ရဲ့ဇနီးသည်တို့ရဲ့ ငွေကြေးပြဿနာအရှုပ်အရှင်းတွေဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ သိန်းပေါင်းတစ်သောင်းကျော်ကို လိမ်လည်သွားခဲ့တယ်ဆိုတဲ့ Morris ဟာ သူ့ရဲ့ Project K အဖွဲ့ဝင်တွေအားလုံးဆီကလည်း ငွေလိမ်သွားခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့ဦးကလည်း သူ့ရဲ့ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ခဲ့တဲ့ Morris တို့ ဇနီးမောင်နှံအကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ဘယ်သူထင်မှာလဲ ကိုယ့်သူငယ်ချင်းအရင်းကြီးတစ်ယောက်က ဒီလိုမျိုးလိမ်ပြီးထွက်ပြေးသွားလိမ့်မယ်ဆိုတာကို ထိုင်းကိုရောက်ပြီးနောက်ပိုင်းမှာ မိဘဆီကနေလဲ လက်ဖြန့်မတောင်းချင်လို့ ကျွန်တော့်ကားလေးရောင်းပြီး ကျွန်တော့်ဟာကျွန်တော် အေးအေးချမ်းချမ်းနဲ့အလုပ်လုပ်နေတာပါ ။ တစ်ခုသိစေချင်တာက ကျွန်တော်ငွေတိုးချေးစားသူမဟုတ်ပါဘူး ။ ငွေလေးခဏလွှဲပေးထားပါ ။ မနက်ဖြန် ချက်ချင်းပြန်ထည့်ပေးပါ့မယ်ဆိုလို့ သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်နေတာကော မိဘတွေလဲ ကောင်းကောင်းမွန်မွန်ထဲကလို့ ထင်ခဲ့မိတဲ့အတွက် ယုံကြည်စွာနဲ့ပဲ ငွေလွှဲပေးလိုက်တာပါ ။ နောက်ရက်ကျတော့ အကြောင်းပြချက်မျိုးစုံတွေပေးပြီး ငွေပြန်မလွှဲပေးတော့ပါဘူး ။ နောက်ရက် သူ့အမေ ( Hnin Inzali ရဲ့မိခင် ) ဖုန်းဆက်ပြီး ဆက်လိမ်တယ် ။”

“ဟုတ်ပါတယ် ကျွန်တော့်ငွေ သိန်း ၄၀၀ ကျော် အလိမ်ခံလိုက်ရတာပါ။ ကျွန်တော်ဒီ post တင်ရခြင်းက ကျွန်တော့်ငွေပြန်ရဖို့ထက်စာရင် နောက်လူတွေ ဆက်အလိမ်မခံရအောင်ပါ။ ရလိုက်တဲ့သင်ခန်းစာကတော့ ဘယ်လောက်ကြီးပဲရင်းနီးနေပါစေ ၊ အလှူအတန်းနဲ့ ဘုရားတရားတွေလုပ်နေပါစေ ၊ ဆွေကြီးမျိုးကြီးထဲကဖြစ်နေပါစေ မယုံကြည်ဖို့ပါပဲ။ ခဏတာလိမ်လို့ရလိုက်တဲ့ငွေတွေနဲ့ ဘယ်လောက်ကြာကြာစားလို့ရမှာလဲ? တစ်သက်တာလုပ်စားလို့မရတော့တဲ့ မင်းရဲ့ဘဝခရီး သာယာဖြောင့်ဖြူးပါစေ သူငယ်ချင်း.. စာကြွင်း : အဖွဲ့သားတွေအားလုံးဆီကငွေတွေပါအလိမ်ခံလိုက်ရတာပါနော်။ အဲ့ထဲကမှ ကျွန်တော်က အများဆုံးအလိမ်ခံလိုက်ရတာပါ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ချမ်းမြေ့ဦးကတော့ နှစ်ပေါင်းများစွာခင်မင်ပြီး တစ်ဖွဲ့တည်းအလုပ်တွေအလုပ်လုပ်တဲ့သူငယ်ချင်းကို ယုံကြည်မိရာမှ ငွေသိန်း(၄၀၀) ကျော် အလိမ်ခံခဲ့ရတယ်လို့ ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။ Morris ကတော့ မထင်ထားလောက်အောင်ကို အဖွဲ့သားတွေဆီ ရက်စက်သွားခဲ့တာပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chan Myae Oo’s fb

error: Alert: Content is protected !!