နိုင်ငံကျော်အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ သီချင်းကောင်းတွေများစွာရဲ့ ပိုင်ရှင်လေးပဲဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို စိတ်နှလုံးသားလည်း နူးညံ့သိမ်မွေ့တဲ့ အိုင်ရင်းဇင်မာမြင့်ဟာ လတ်တလောမှာတော့ သီချင်းတွေကို အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းစီသာလုပ်ကိုင်နေလျက်ရှိပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မေမေ့ကို သတိရအောက်မေ့နေတာပဲဖြစ်ပါတယ်။
မနေ့က မေလ (၂၃) ရက်နေ့ကတော့ အိုင်ရင်းဇင်မာမြင့်ရဲ့ ကွယ်လွန်သွားလေပြီဖြစ်တဲ့ မိခင်ကြီး ဒေါ် လီလီဟယ်လင်ဒေးဗစ်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်က သူမမေမေရဲ့မွေးနေ့မှာ “Happy birthday မေမေ 🎂🎉💐😔 အဲ့လိုနှူတ်ဆက်ခွင့်မရတာ•••••လွမ်းတာပေါ့ အမေရယ် ••••မပျော့ညံ့ခဲ့တဲ့အမေရဲ့သမီးမို့လို့ ကြိုးစားရုန်းကန်နေပါတယ်။ ပြန်ဆုံကြမယ်နော်မေမေ❤️🙏 Daw Lily Helen David 🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲဖြစ်ပါတယ်။
အိုင်ရင်းဇင်မာမြင့်ကတော့ သူမနဲ့ ဘဝချင်းခြားသွားခဲ့ပြီဖြစ်တဲ့ မိခင်ကြီးအတွက် သတိရအောက်မေ့ခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပြီး မေမေနဲ့ ပြန်ဆုံနိုင်ဖို့ကိုလည်း အမြဲတမ်းဆုတောင်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Irene Zin Mar Myint’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
တစ်ဦးတည်းသောအချစ်ဆုံးမေမေ မကြားနိုင်တော့ပေမယ့် သတိရခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်
အိုင်ရင်းဇင်မာမငြ့်ကတော့ သူမနဲ့ ဘဝချင်းခြားသွားခဲ့ပြီဖြစ်တဲ့ မိခင်ကြီးအတွက် သတိရအောက်မေ့ခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပြီး မေမေနဲ့ ပြန်ဆုံနိုင်ဖို့ကိုလည်း အမြဲတမ်းဆုတောင်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။