တစ်သက်တာလုံးမေ့လို့မရနိုင်တော့မယ့် မွေးနေ့အမှတ်တရတွေကို ကြည်နူးစွာနဲ့ချပြလာခဲ့တဲ့ မေတိုးခိုင်
နိုင်ငံကျော်အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်ရဲ့တူမရင်းလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အနုပညာနဲ့ပတ်သက်လာရင် ဝါသနာကြီးပြီး ကြိုးစားလေ့လာချင်စိတ်ရှိသူဖြစ်ပါတယ်။ မေတိုးခိုင်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရပြီး အခုဆိုရင် အရင်အတိုင်း အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၇) ရက်နေ့ကတော့ မေတိုးခိုင်ရဲ့ မွေးနေ့လေးဖြစ်ပြီး အဆိုပါမွေးနေ့လေးဟာ သူမဘဝအတွက် မမေ့နိုင်စရာအမှတ်တရလေးဖြစ်တဲ့အကြောင်းကို အခုလိုပဲဝေမျှလာပါတယ်။
“Long overdue birthday post. အမှတ်တရလေးအဖြစ်ပုံလေးတွေစုပြီးတင်မယ်နော် ❤️ နောက်ထပ်မမေ့တော့မယ့်နေ့တစ်နေ့။ တစ်နေကုန် ပီတိဖြစ်စရာလေးတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ မွေးနေ့။ ဖြစ်ချင်တာလုပ်ချင်တာ အမြဲဘေးကပါရမီဖြည့်ပေးတဲ့ ဖူးချစ်ရတဲ့သူတွေအားလုံးကျေးဇူးအရမ်းတင်ပါတယ်။ မွေးနေ့ကိုပို အမှတ်တရဖြစ်အောင်လုပ်ပေးတဲ့ ချစ်ရတဲ့ ဖူးရဲ့ Maykeys တွေကိုလည်းရင်ထဲကနေအရမ်းကျေးဇူးတင်ပါတယ်။ အလှူငွေ အလှူပစ္စည်းတွေ လှူပေးတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်။”
” ထမင်းဘူးတွေစီစဉ်ပေးတဲ့ စေတနာအပြည့်နဲ့ အန်တီအေးသဇင် နဲ့ masterchef အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်။ အမြဲ အလှူဆိုပါဝင်အားဖြည့်ပေးတဲ့ sunkist ကိုလည်းကျေးဇူးတင်ပါတယ်။ မွေးနေ့ဆုတောင်းပေးကြသူအားလုံးလည်းကျေးဇူးတင်ပါတယ် တစ်ယောက်ချင်းဆီမပြန်နိုင်တာလည်းနားလည်ပေးပါနော်။ ဘဝရဲ့နောက်ဆုံးထွက်သက်အချိန်တစ်ခုအထိ လိုအပ်သူတွေကိုတစ်ထောင့်တစ်နေရာကနေကူညီနိုင်တဲ့လက်တစ်စုံဖြစ်ချင်ပါတယ် 🙏🏼❤️” ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေလာပါတယ်။
မေတိုးခိုင်ကတော့ မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရာကနေ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း သူမရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြိုးစားတည်ထောင်ခဲ့ရပြီး အလှူအတန်းတွေကိုလည်း အရင်ကထက်ပိုပြီးလုပ်ကိုင်လာခဲ့တာကို တွေ့ရပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: May Toe Khine’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
တစ္သက္တာလုံးေမ့လို႔မရႏိုင္ေတာ့မယ့္ ေမြးေန႔အမွတ္တရေတြကို ၾကည္ႏူးစြာနဲ႔ခ်ျပလာခဲ့တဲ့ ေမတိုးခိုင္
ႏိုင္ငံေက်ာ္အကယ္ဒမီမ်ားရွင္ အိျႏၵာေက်ာ္ဇင္ရဲ႕တူမရင္းေလးျဖစ္တဲ့ ေမတိုးခိုင္ကေတာ့ အႏုပညာနဲ႔ပတ္သက္လာရင္ ဝါသနာႀကီးၿပီး ႀကိဳးစားေလ့လာခ်င္စိတ္ရွိသူျဖစ္ပါတယ္။ ေမတိုးခိုင္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာခဲ့ရၿပီး အခုဆိုရင္ အရင္အတိုင္း အလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနၿပီပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလ (၇) ရက္ေန႔ကေတာ့ ေမတိုးခိုင္ရဲ႕ ေမြးေန႔ေလးျဖစ္ၿပီး အဆိုပါေမြးေန႔ေလးဟာ သူမဘဝအတြက္ မေမ့ႏိုင္စရာအမွတ္တရေလးျဖစ္တဲ့အေၾကာင္းကို အခုလိုပဲေဝမွ်လာပါတယ္။
“Long overdue birthday post. အမွတ္တရေလးအျဖစ္ပုံေလးေတြစုၿပီးတင္မယ္ေနာ္ ❤️ ေနာက္ထပ္မေမ့ေတာ့မယ့္ေန႔တစ္ေန႔။ တစ္ေနကုန္ ပီတိျဖစ္စရာေလးေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ေမြးေန႔။ ျဖစ္ခ်င္တာလုပ္ခ်င္တာ အၿမဲေဘးကပါရမီျဖည့္ေပးတဲ့ ဖူးခ်စ္ရတဲ့သူေတြအားလုံးေက်းဇူးအရမ္းတင္ပါတယ္။ ေမြးေန႔ကိုပို အမွတ္တရျဖစ္ေအာင္လုပ္ေပးတဲ့ ခ်စ္ရတဲ့ ဖူးရဲ႕ Maykeys ေတြကိုလည္းရင္ထဲကေနအရမ္းေက်းဇူးတင္ပါတယ္။ အလႉေငြ အလႉပစၥည္းေတြ လႉေပးတဲ့သူေတြလည္းေက်းဇူးတင္ပါတယ္။”
” ထမင္းဘူးေတြစီစဥ္ေပးတဲ့ ေစတနာအျပည့္နဲ႔ အန္တီေအးသဇင္ နဲ႔ masterchef အဖြဲ႕ကိုလည္းေက်းဇူးတင္ပါတယ္။ အၿမဲ အလႉဆိုပါဝင္အားျဖည့္ေပးတဲ့ sunkist ကိုလည္းေက်းဇူးတင္ပါတယ္။ ေမြးေန႔ဆုေတာင္းေပးၾကသူအားလုံးလည္းေက်းဇူးတင္ပါတယ္ တစ္ေယာက္ခ်င္းဆီမျပန္ႏိုင္တာလည္းနားလည္ေပးပါေနာ္။ ဘဝရဲ႕ေနာက္ဆုံးထြက္သက္အခ်ိန္တစ္ခုအထိ လိုအပ္သူေတြကိုတစ္ေထာင့္တစ္ေနရာကေနကူညီႏိုင္တဲ့လက္တစ္စုံျဖစ္ခ်င္ပါတယ္ 🙏🏼❤️” ဆိုၿပီး သူမရဲ႕ ပီတိေလးကို မွ်ေဝလာပါတယ္။
ေမတိုးခိုင္ကေတာ့ မတရားဖမ္းဆီးအက်ဥ္းခ်ခံခဲ့ရာကေန ျပန္လည္လြတ္ေျမာက္လာၿပီးတဲ့ေနာက္ပိုင္း သူမရဲ႕စိတ္ကို အတတ္ႏိုင္ဆုံး ႀကိဳးစားတည္ေထာင္ခဲ့ရၿပီး အလႉအတန္းေတြကိုလည္း အရင္ကထက္ပိုၿပီးလုပ္ကိုင္လာခဲ့တာကို ေတြ႕ရပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: May Toe Khine’s fb