တစ်လသားအရွယ်လေးနဲ့ မေမေ့လက်ပေါ်ကနေချလို့မရနိုင်အောင် အမေနားအရမ်းကပ်တဲ့ သားလေးအကြောင်းပြောပြလာတဲ့ စုစုဝေ
စုစုဝေကတော့ မြန်မာပြည်ကိုလာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ ဂျာမန်လူမျိုးအဆိုတော် Mikis နဲ့ ဖူးစာဆုံခဲ့တာပဲဖြစ်ပါတယ်။ စုစုဝေနဲ့ Mikis တို့ဟာ ချစ်သူတွေအဖြစ် အချိန်အတော်ကြာနေခဲ့ပြီးမှာ မကြာခင်အချိန်ကပဲ ဂျာမနီနိုင်ငံမှာ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ Mikis နဲ့ စုစုဝေတို့က ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နေ့ကပဲ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
သားလေးကြောင့်ပဲ တစ်နေ့ထက်တစ်နေ့ ပျော်ရွှင်မှုတွေပိုင်ဆိုင်ထားတဲ့ စုစုဝေက ဒီကနေ့မှာလည်း တစ်လသားအရွယ်လေးရဲ့ သိတတ်မှုကို ပြောပြလာပါတယ်။ စုစုဝေက “အခုကတည်းက မေမေမှမေမေ.. မေမေလက်ကချမရသော သားလေး” ဆိုပြီး တစ်လသားအရွယ် သားလေးရဲ့ သိတတ်မှုကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။
စုစုဝေကတော့ ချစ်စရာကောင်းတဲ့ သားလေးကြောင့်ပဲ သူမရဲ့ဘဝဟာ ပိုမိုစိုပြေလာခဲ့ပြီး ပျော်ရွှင်မှုတွေပိုင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စုစုဝေရဲ့ ပုံရိပ်လေးကိုကြည့်ပြီး မိခင်မေတ္တာကို ခံစားမိကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Su Su Weber’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Su Su Weber’s fb
error: Alert: Content is protected !!