တစ်လကို (၆၅) သိန်း ဝင်ငွေရနေတဲ့ လေးထပ်တိုက်ကြီးတစ်တိုက်လုံးကို မိဘတွေဆီက လက်ဆောင်ရရှိခဲ့ကြောင်းပြောပြလာတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ ဗီဒီယိုဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်လာခဲ့သူဖြစ်ပါတယ်။ စည်ဖြိုးဟာ သူ့ရဲ့အဒေါ် အကြားအမြင်ဆရာမ အီးတီကြောင့်လည်း လူသိများသူဖြစ်ပြီး သူ့ရဲ့မိသားစုဟာလည်း ပြီးပြည့်စုံပြီး ကြွယ်ဝတဲ့ အသိုင်းအဝိုင်းဖြစ်တာကြောင့် မသိသူမရှိလောက်အောင် ထင်ရှားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်ဖြိုးက သူ့ရဲ့မိဘတွေဆီကနေ လေးထပ်တိုက်တစ်တိုက် လက်ဆောင်ရရှိခဲ့တဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ဝေမျှပြောပြလာခဲ့ပါတယ်။     

စည်ဖြိုးက ““လောကမှာ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတာမိဘမေတ္တာပါ “ ကျနော် သမီလေးကိုသိပ်နေတုန်း ဖေကြီးနဲ့ မေကြီးက အရေးကြီးစကားပြောစကားပြောစရာိရှိတယ် ဆိုလို့ အသွားမှာ ဖေကြီးနဲ့မေကြီးက ပီတိအပြည့်နဲ့ ပြုံးကြည့်ပြီး ကျနော်တို့ လမ်းထိပ်မှာ ၁လ ၆၅ သိန်းနဲ့ ဖေကြီးမေကြီး ကိုရီးယား ကုပမ္ပဏီ တစ်ခုကို ပေးဌားထားတဲ့ ဓာတ်လှေကားပါ လေးထပ်တိူက်ကြီးကို ကိုရီးယားတွေ ကို ဆက်ပေးမဌား တော့ပဲ သားတို့ လုပ်ငန်းတွေ တိုးချဲ့ ဖွင့်လစ်ဖို့အတွက် ဖေကြီးနဲ့မေကြီးကသားကြီးကို တစ်တိုက်လုံး အပိုင်ပေးလိုက်ပြီတဲ့ဗျာ။ ကျနော် မယုံနိုင်ဖြစ်ပြီး ရင်ထဲစို့လို့ မျက်ရည်ဝဲမိရင်း လက်ဆယ်ဖျားမိုးရှိခိုးကန်တော့ခဲ့ပါတယ်။ လုပ်ငန်းတွေတိုးချဲ့ချင်တဲ့ကျနော့်ရဲ့ဆန္ဒကို သွေးက စကားပြောပြီး အလိုလို သိနေတဲ့ မိဘမေတ္တာနဲ့ ဘယ်သူနဲ့မှ ယှဉ်လို့မရတဲ့ ကျေးဇူးတရားတွေ အထပ်ထပ်သတိရပြီး နေ့စဉ်ညစဉ်ရှိခိုးဦးခိုက် ကန်တော့နေမိတော့မှာ အမှန်ပါပဲ။ သိလိုက်တာ မိဘတွေသားသမီးကို ထားတဲ့မေတ္တာ ဆိုတာ အမြဲနုပျိုပြီးစစ်မှန်နေတယ် အနှိုင်းမဲ့ မေတ္တာဆိုတာပါပဲ❤️” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောလာပါတယ်။

စည်ဖြိုးရဲ့မိဘတွေကတော့ စည်ဖြိုးအနုပညာအလုပ်တွေ လုပ်ကိုင်စဉ်ကလည်း အများကြီး ပံ့ပိုးကူညီပေးခဲ့သလို အခု စည်ဖြိုး ကိုယ်ပိုင်မိသားစုဘဝနဲ့ ဖြစ်သွားချိန်မှာလည်း စီးပွားရေးလုပ်ငန်းတွေအတွက် အစစအရာရာဖြည့်ဆည်းပေးနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Si Phyo’s fb

error: Alert: Content is protected !!