တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး တည့်ကြလွန်းတဲ့ သားသမီးတွေကြောင့် အဖေနဲ့ အမေတောင်နေရာပျောက်ရတယ်ဆိုတဲ့ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံ
တချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ လက်ရှိမှာလည်း သူ့ရဲ့ သားချော သမီးချောလေးတွေကြောင့် မျက်နှာပွင့်နေရတာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းဟာ သူကိုယ်တိုင်လည်းချောမောပြီး သူ့ရဲ့အိမ်ထောင်ဖက်အမျိုးသမီးဟာလည်း မင်းသမီးတစ်ယောက်လို လှပတာကြောင့် မွေးလာတဲ့ သားသမီးသုံးယောက်စလုံးဟာလည်း ချောချောလှလှလေးတွေဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
ပိုင်ဇေရဲထွန်းရဲ့ သားသမီးသုံးယောက်စလုံးဟာ အသက်မတိမ်းမယိမ်းလေးတွေဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာကြောင့် အဖေနဲ့ အမေတောင် ကြားဝင်မရကြောင်း ပိုင်ဇေရဲထွန်းရဲ့အမျိုးသမီး ဇင်သဲနိုင်က “တခါတလေပျင်းလို့ ရန်ဖြစ်ကြပါဦးလား😩 ဝင်ဖြေရှင်းပေးချင်လို့🙄 တအားတွေတည့်တော့လည်း သူတို့ချင်း ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ကိုယ့်နေရာတောင်ပျောက်နေတယ်😏” ဆိုပြီး ပြောလာပါတယ်။
ပိုင်ဇေရဲထွန်းကတော့ ချစ်စရာလည်းကောင်း လိမ္မာရေးခြားလည်းရှိပြီး တစ်ယောက်ကိုတစ်ယောက် သက်ညှာလွန်းတဲ့ သားသမီးသုံးယောက်ကို ပိုင်ဆိုင်ရရှိထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့မိသားစုလေးကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Paing Zay Ye Tun. ‘s fb