တစ်ယောက်နဲ့တစ်ယောက် ကြင်နာမှု၊ နားလည်မှုတွေပေးရင်း ချစ်သူသက်တမ်း (၇) နှစ်နီးပါးတိုင်ရှိခဲ့ပြီဆိုတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

နာမည်ကြီး အနုပညာရှင်စုံတွဲဖြစ်တဲ့ အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ကတော့ သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးကြသူတွေဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်နေသလို တဖက်မှာလည်း သူတို့ရဲ့အချစ်ရေးကိုလည်း သာယာပျော်ရွှင်ဖွယ်ဖြစ်အောင်တည်ဆောက်ထားတာ အခုဆိုရင် ချစ်သူသက်တမ်း (၆) နှစ်ကျော်တိုင် ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ချစ်သူသက်တမ်းတွေကြာမြင့်ခဲ့ပြီဆိုပေမယ့် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က အိမ်ထောင်ပြုဖို့ကိစ္စကိုတော့ ပရိသတ်တွေဆီ အသိပေးခြင်းမရှိသေးပါဘူး။

ချစ်သူသမီးရည်းစားတွေပီပီ နှစ်ယောက်သားချစ်ကြိုက်ခဲ့ကြတဲ့နေ့လေးကို တန်ဖိုးထားတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က သူတို့ရဲ့ Anniversary နေ့တိုင်းမှာ အမှတ်တရလေးတွေဖန်တီးလေ့ရှိတာပဲဖစ်ပါတယ်။ ဒီကနေ့မှာလည်း ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ရဲ့ ချစ်သူသက်တမ်း (၆) လနဲ့ (၇) လပြည့်နေ့လေးဖြစ်ပြီး ဖြိုးလေးနဲ့ ဝါဆိုတို့က “Happy 6yrs and 7 months Anniversary ငါ့သဲလေး ❤️‍🔥” ဆိုပြီး သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသီးသီးပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောက်ရင်း ချစ်သူသက်တမ်း (၇) နှစ်နီးပါးတိုင်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Warso Moe Oo ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Warso Moe Oo ‘s fb

error: Alert: Content is protected !!