တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာစွာဖေးမရင်း ချစ်သက်တမ်း (၇) နှစ်ပြည့်ခဲ့ပြီဆိုတဲ့ သန္တာလှိုင်တို့ဇနီးမောင်နှံ

နာမည်ကျော်စူပါမော်ဒယ်လ် သန္တာလှိုင်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတဲ့ သန္တာလှိုင်ဟာ T Fitness App ကို ဦးစီးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သန္တာလှိုင်က သူမတို့ ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း (၇) နှစ်ပြည့်နေ့အတွက် ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ အမှတ်တရပြောလာပါတယ်။

“ကဲ ၇ နှစ်ပြည့်သွားပြီနော် Happy Anniversary ယောက်ကျားရေ…. တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စိတ်လှုပ်ရှား ရင်ခုန်နေရတာ များသွားတော့ date ကိုမေ့ပြီး ရက်နဲနဲကျော်သွားတယ် ဟီးဟီး လမကျော်သေးရင် wish လုပ်လို့ ရသေးတယ် မဟုတ်လား? 😜😍 ကျားကျားရဲ့ ပုံကိုတော့ သိတဲ့လူက မှန်းကြည့်လို့ရသလို မသိသေးတဲ့လူတွေလဲ သိစရာမလိုတော့လို့ ဖွက်ထားလိုက်ပြီနော် နားလည်ပေးပါ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

သန္တာလှိုင်ကတော့ ပထမအိမ်ထောင်နဲ့အဆင်မပြေမှုတွေဖြစ်ပြီး ကွာရှင်းခဲ့ရာ အခုလက်ရှိ ဒုတိယအိမ်ထောင်နဲ့တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြည့်ထားကာ အခုဆိုရင် အိမ်ထောင်သက် (၇) နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ သန္တာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက် ချစ်သက်တမ်း (၇) နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာ ချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thandar Hlaing’s fb

error: Alert: Content is protected !!