တစ်နိုင်ငံလုံးသွေးဆူနေချိန်မှာ ဘာကိုမှမလုပ်ပေးနိုင်တဲ့အတွက် ပြည်သူတွေပေးတဲ့အပြစ်ကိုခံယူပါ့မယ်ဆိုတဲ့ ပိုင်တံခွန်
နိုင်ငံကျော်သရုပ်ဆောင် ပိုင်တံခွန်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် စကစရဲ့ ဖမ်းဆီအကျဉ်းချခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့မတ်လကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ မိသားစုစားဝတ်နေရေးအတွက် အလုပ်တွေပြန်လည်လုပ်ကိုင်လာခဲ့တဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာတော့ သူ့ကိုစိတ်ဆိုးဒေါသထွက်နေတဲ့ ပရိသတ်တွေကို အခုလိုပဲတောင်းပန်စကားပြောလာတာကို တွေ့ရပါတယ်။
ပိုင်တံခွန်က “ကျွန်တော် ဒီအခြေနေမှာ ဘာမှ အကူညီ မပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ်။ အမြဲတမ်း တဖက်သားရဲ့ ခံစားချက်ကို ကျွန်တော် အလေးထားခဲ့တယ်။ ကျွန်တော်ရဲ့ ခံစားချက်တွေကို ဘယ်တော့မှ ရှေ့တန်းမတင်ခဲ့ဘူး။ ကျွန်တော်ရဲ့ အစွမ်းအစနဲ့ လုပ်လို့မရတဲ့ အရာ ဖြစ်တဲ့အတွက် နားလည်ပေးဖို့လဲ ကျွန်တော် မတောင်းဆိုဘူး။ အခုချိန်မှာ ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရတယ်။ ပြည်သူတွေ သဘောအတိုင်း Boycott ဖြစ်ဖြစ် unfollow ဖြစ်ဖြစ် လုပ်မှ အဆင်ပြေမယ်ဆို အဲဒီအတိုင်း ကျွန်တော့်ကို အပြစ်ပေးလို့ရတယ်။ အားလုံးကိုလည်း လေးစားလျှက်ပါ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ မနေ့က ဇေယျာသော်သေဆုံးသွားတဲ့ သတင်းတွေကြားကြားချင်းမှာ “သတင်းမှားဖြစ်ပါစေ” ဆိုပြီး ပိုစ့်တင်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ဖျက်သွားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ နားလည်မှုလွဲသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပိုင်တံခွန်ကတော့ ပရိသတ်ပြည်သူတွေပေးတဲ့အပြစ်ကို ကျေနပ်စွာခံယူပါ့မယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Paing Takhon’s fb