တစ်နိုင်ငံလုံးဝမ်းနည်းနေချိန် ပရိသတ်ကိုရိုင်းပြခဲ့တာကြောင့် ပြန်လည်တောင်းပန်ခဲ့ရတဲ့ မအေးသောင်း

မအေးသောင်းလို့ ပရိသတ်တွေကပဲ ချစ်စနိုးနဲ့ နာမည်ပေးထားကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး ခင်ပွန်းဖြစ်သူနဲ့အတူတူ ထိုင်းနိုင်ငံမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မအေးသောင်းဟာ သူမရဲ့ ဓာတ်ပုံဟောင်းတစ်ခုကို ဖေ့စ်ဘုတ်စာမျက်နှာပေါ် ပြန် Share ခဲ့ရာ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ ပရိသတ်တွေက ဒီကနေ့မှာ အလှဓာတ်ပုံတွေမတင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် မအေးသောင်းက ပရိသတ်အပေါ် လေးစားမှုမရှိပဲ “ကျော်သွားလိုက်ပါ”၊ “ဒီနေ့မို့လို့တင်တာ” စသည်ဖြင့် ခနဲ့တဲ့တဲ့စကားတွေ ပြောခဲ့တာကြောင့် ပရိသတ်တွေက စိတ်ဆိုးဒေါသထွက်နေကြတာပဲဖြစ်ပါတယ်။

မအေးသောင်းက သူမရဲ့ စကားအပြောအဆိုမှားယွင်းရိုင်းပြမိတာကို သိကာ “”အနာဂတ်ကိုပြောင်းလဲဖို့အတွက် ပစ္စပ္ပုန်ကိုအရင် ပြောင်းလဲဖို့လိုတာပေါ့နော်” ဆိုတဲ့ ပိုစ့်လေး ပြန်ရှဲမိတာမို့ နားလည်မှုလွဲသွားရင် အားလုံးစိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်နေတာမို့ ပြန်ပြောမိတာကိုလည်း နားလည်ပေးပါရှင့် 🙏🙏🙏 ” ဆိုပြီး ပရိသတ်တွေကို ပြန်လည်တောင်းပန်လာခဲ့ပါတယ်။

မအေးသောင်းက သူမရဲ့ ရိုင်းပြမှုကို ပြန်လည်တောင်းပန်လာခဲ့ပေမယ့် ပရိသတ်တွေက မအေးသောင်းရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်တွေကို Unfollow ပြုလုပ်ခဲ့ကြကာ မအေးသောင်းမှာလည်း စက္ကန့်နဲ့အမျှ Follower တွေ ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Aye Thaung’s fb

error: Alert: Content is protected !!