တစ်နိုင်ငံလုံးကလူငယ်တွေ အနာဂတ်မဲ့နေချိန်မှာ ကျောင်းတက်ဘွဲ့ယူနေခဲ့တဲ့ အောင်လင်းဒွေးရဲ့တူမ စုလင်းရှိန်
သရုပ်ဆောင် အောင်လင်းဒွေးကတော့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်လာခဲ့သူဖြစ်ပေမယ့် လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်လင်းဒွေးရဲ့ တူမဖြစ်နေခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ စုလင်းရှိန်ကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီး အခုဆိုရင် ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေပြီပဲဖြစ်ပါတယ်။
တစ်နိုင်ငံလုံးကပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေပြီး လူငယ်တွေကလည်း အနာဂတ်မဲ့နေချိန်မှာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်သူ စုလင်းရှိန်ကတော့ ဘွဲ့တစ်ခုထပ်မံယူနိုင်ခဲ့ပါတယ်။ စုလင်းရှိန်က “Covid ကာလတုန်းက ကြိုးစားခဲ့တာလေး covid ပြီးတော့ graduation 🎓👩🏻🎓🥳 အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားအောင် ဖန်တီးပေးတဲ့သူတိုင်းကိုလည်း သိုင်းကျူးပါလို့ 😘😘🎉” ဆိုပြီး သူမရဲ့ဘွဲ့ယူခဲ့တဲ့ အမှတ်တရဓာတ်ပုံတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။
စုလင်းရှိန်ကတော့ ပြည်သူတွေရဲ့ Boycott လုပ်ခံထားရပြီး အနုပညာအလုပ်တွေလည်း မလုပ်ကိုင်တော့တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ပညာရေးဘက်ကို ပိုမိုအာရုံစိုက်နေပြီး ဘွဲ့တစ်ခုထပ်မံရရှိအောင် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Su Lin Shein – စုလင်းရှိန် ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်