တစ်တိုင်းပြည်လုံး ဒုက္ခရောက်နေချိန်မှာ (၁၀) ကာရက်ကျော်တဲ့ လက်စွပ်ကြီးဝတ်နိုင်ကြောင်း ပြသလာတဲ့ နေခြည်ဦး
Beauty Blogger တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦးကတော့ သူမနာမည်ကြီးနေဆဲအချိန်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့တာကြောင့် ပြည်သူတွေရဲ့ မုန်းတီးခြင်းကိုခံခဲ့ရတာပါ။ နေခြည်ဦးရဲ့ဖခင်ဟာ စစ်တပ်ကအရာရှိတစ်ယောက်ဖြစ်နေတာကြောင့် ပရိသတ်ပြည်သူတွေက နေခြည်ဦးကို Boycott လုပ်ခဲ့ပြီး နေခြည်ဦးနဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းကြော်ငြာတိုင်းကိုလည်း ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။
နေခြည်ဦးကတော့ ပြည်သူတွေအပေါ် တောင်းပန်ခြင်းမရှိသလို သူမရဲ့အရင်ကပုံစံကိုလည်း ပြောင်းလဲခြင်းမရှိပဲ အရင်အတိုင်းသုံးဖြုန်းပြနေဆဲဖြစ်ပါတယ်။ ဒူဘိုင်းမှာ ရတနာအကြောင်းသင်တန်းတက်ခဲ့တဲ့ နေခြည်ဦးဟာ ဒီကနေ့မှာလည်း သူမရဲ့ ၁၀ ကာရက်ကျော်တဲ့ Pink Spinel လက်စွပ်ကြီးကို ထုတ်ကြွားနေခဲ့ပြန်ပါတယ်။
တစ်နိုင်ငံလုံးက ပြည်သူတွေ စစ်အာဏာရှင်နဲ့ လက်ပါးစေတွေကြောင့် အစစအရာရာ ဆင်းရဲဒုက္ခတွေကြုံနေရပေမယ့် နေခြည်ဦးကတော့ တန်ဖိုးကြီးအသုံးအဆောင်တွေ ဝတ်ပြနေတာ အံ့သြစရာပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nay Chi Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Nay Chi Oo’s fb