တခြားသမီးရည်းစားတွေလိုမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် ထူးထူးဆန်းဆန်းနာမည်ပြောင်တွေပေးထားတဲ့ သင်ဇာဝင့်ကျော်တို့စုံတွဲ

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ တစ်နိုင်ငံလုံးက ပုရိသတွေအသည်းကျော် မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ အခုဆိုရင် ချစ်သူရရှိနေပြီဖြစ်ပြီး သူမရဲ့ချစ်သူကိုလည်း ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အသက်အရွယ်ကွာခြားမှုရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြတဲ့ သင်ဇာဝင့်ကျော်တို့စုံတွဲရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာနဲ့ အားပေးနေကြဆဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်က သူမရဲ့ အလှဓာတ်ပုံလေးတွေကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ တင်ခဲ့ရာ သင်ဇာ့ရဲ့ချစ်သူ ရဲရင့်မိုးက “ကိုယ့်ရဲ့ brownie လေး love you 😘🤎🤎🤎” ဆိုပြီး သင်ဇာဝင့်ကျော်ကို brownie ကိတ်လေးနဲ့ တင်စားလာခဲ့ပါတယ်။ ချစ်သူရဲ့ကောမန့်ကို သင်ဇာဝင့်ကျော်က “u r my မဲမဲလေး 🤭🖤” ဆိုပြီး ချစ်သူကို မဲမဲလေးဆိုပြီး စနောက်လာခဲ့ပါတယ်။

သင်ဇာဝင့်ကျော်တို့ချစ်သူနှစ်ယောက်ကတော့ သူများစုံတွဲလေးလို အချစ်လေး၊ အသည်းလေး စသည်ဖြင့်မဟုတ်ပဲ ထူးထူးဆန်းဆန်း နာမည်ပြောင်လေးတွေပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်တို့စုံတွဲလေးကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thin Zar Wint Kyaw ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!