တချိန်က ဆရာလို၊ အစ်ကိုလို အလေးထားခဲ့ရတဲ့ ခင်လှိုင်ကို လူသိရှင်ကြားသတိပေးစကားပြောလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းကတော့ စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်ရေးအလုပ်တွေကို တွင်ကျယ်စွာလုပ်ကိုင်နေသူ ထိပ်တန်းမင်းသားတစ်ယောက်ပါပဲ။ မင်းမော်ကွန်းဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွယ်နေတဲ့ အနုပညာရှင်တွေကိုလည်း အကြိမ်ကြိမ်အခါခါ သတိပေးခဲ့ပြီး တိုင်းပြည်ပျက်နေချိန်မှာ ပုံမှန်အတိုင်းလည်ပတ်နေတဲ့ အနုပညာရှင်တွေကိုလည်း ဝေဖန်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီကနေ့မှာလည်း မင်းမော်ကွန်းက Live လွှင့်ဈေးရောင်းနေတဲ့ သရုပ်ဆောင်ခင်လှိုင်ကို သတိပေးစကားပြောလာတာကို တွေ့ရပါတယ်။

မင်းမော်ကွန်းက “အကို ခင်လှိုင်ရေ.. ကျွန်တော်တို့တွေသည် အရင်းနှီးဆုံးမိတ်ဆွေတွေပါခင်မျာ။ ကျွန်တော်မင်းသားစဖြစ်ထဲက အကိုတို့အားကိုယူပြီးကျွန်တော်ဖြစ်တည်ပါတယ်။ ဒီထက်ပိုရင်အငြိမ့်တွေမှာ အကို့သင်ကြားမှုတွေက သိပ်ကောင်းသိပ်စေတနာပါလို့ ကျွန်တော့်ဆရာတစ်ယောက်အဖြစ် အမြဲတန်းအလေးထားတာပါ။ ဒီထက်ပိုပိုလေးစားရတဲ့ ကျေးဇူးတင်တန်ဖိုးထားရတဲ့အချက်က ၂၀၂၁ အရေးတော်ပုံမှာ အကိုတို့မိသားစုလိုက်ပါဝင်ခဲ့တာကိုပါ။ ကျွန်တော်မှတ်မိနေဆဲ အိမ်မက်တွေတိုင်းမှာ ပြန်တွေ့နေဆဲပါခင်မျာ။ အကိုတို့တိမ်းရှောင်နေရတဲ့အချိန် အကို့သမီးလေးနဲ့ရော အကိုနဲ့ရောခဏ အဆက်အသွယ်ရတယ်။ ခံဝန်ထိုးတာဖြစ်သင့်ပါတယ်လို့ ကျွန်တော်ပါးစပ်ကပြောပါတယ်။ အကိုတို့အကျပ်အတည်းတွေဖြစ်မှာစိုးရိမ်မိလို့ပါ။ ဒါပေမယ့်ကိုခင်လှိုင်ရေ ခင်များမှာစီးပွားရေးတွေအများကြီးရှိနေသားနဲ့ ခုလို online live တွေလုပ်ဈေးရောင်းနေတာ ဘာလို့ပါလဲ တကယ်ငါတ်နေတဲ့သက်ကြီးလူရွှင်တော်ကြီးများ ကိုလူချောများခေါ် လူကြမ်းသရုပ်ဆောင်များ ဇတ်ပို့ဇတ်ရန်များ လုပ်ရင် ကျွန်တော်အပြစ်မပြောပါ။ ဒီစကားတွေက private ပြောရမှာပါ။ ကျွန်တော့်ကို block ထားတဲ့အတွက် Public ကနေပဲပြောပါတယ်။ ဒီပွဲကဆရာတပည့် မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်းမရှိဘူးဗျ။ အမှန်တရားနဲ့ ရန်သူပဲရှိတယ်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ အနုပညာအလုပ်တွေလုပ်စဉ်က ခင်လှိုင်ကို ဆရာလို၊ အစ်ကိုလို အလေးထားဆက်ဆံခဲ့ပေမယ့် အခုလို တစ်နိုင်ငံလုံး စစ်တပ်ဖိနှိပ်ခံဖြစ်နေချိန် Live လွှင့်ဈေးရောင်းပြီး ပုံမှန်ဖြစ်သလို ပြန်လည်လည်ပတ်နေတာကြောင့် ခင်လှိုင်ကို သတိပေးစကားဆိုလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Kyaw Htay Lwin’s fb

error: Alert: Content is protected !!