ညှိုနှိုင်းလို့မရတဲ့အဆုံး လမ်းခွဲဖို့ဆုံးဖြတ်လိုက်ရတဲ့ ချစ်သူဆွေဇင်ထက်နဲ့ပတ်သက်ပြီး ခံစားချက်တွေပေါက်ထွက်လာတဲ့ ဂေဂေး

အဆိုတော် ဂေဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ ချစ်သူနှစ်ယောက် ကတော့ တချိန်က LGBT စုံတွဲလေး အဖြစ် ပရိသတ်တွေကြားထဲမှာ ထင်ရှားတာပဲ ဖြစ်ပါတယ်။ ဂေဂေးနဲ့ ဆွေဇင်ထက်တို့က သူတို့ရဲ့ အချစ်ရေးလေးကို သိုသိပ်စွာလျှို့ဝှက်ထားခဲ့ပေမယ့် Miss Universe Myanmar 2019 ပြိုင် ပွဲမှာတော့ ဆွေဇင်ထက်က သူမတို့ရဲ့ အချစ်ရေးကို လူသိရှင်ကြား ဖွင့်ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ တည်ဆောက် ထားကြတဲ့ ဂေဂေးနဲ့ ဆွေဇင်ထက်တို့ဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းကပဲ နှစ်ဦးသဘောတူလမ်းခွဲပြတ်ဆဲခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဂေဂေးက သူမရဲ့ ချစ်သူဟောင်းလို့ဆိုရမယ့် ဆွေဇင်ထက်နဲ့ ပတ်သက်ပြီး ခံစားချက်တွေ ပေါက်ကွဲထွက်နေတာကို တွေ့ရပါတယ်။ ဂေဂေးက “၄ နှစ် ၉ လပြည့် လေးကို အသည်းထဲစွဲနေအောင် အမှတ်တရ တစ်ခုခုလုပ်ရင်ကောင်းမလား”၊ “$ ရမ်းချစ်တဲ့သူကို $ ရမ်းနာအောင်လုပ်ရင် ဘယ်လိုခံစားရလဲဆိုတာ ခံစားကြည့်လိုက် ဘယ်လိုလေးလဲပေါ့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

ဂေဂေးနဲ့ ဆွေဇင်ထက်တို့က ချစ်သူသက်တမ်း ၄ နှစ် ၈ လမှာ လမ်းခွဲလိုက်ကြတာဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း ကျရောက်လာတော့မယ့် ၄ နှစ် ၉ လပြည့်လေးမှာ ဂေဂေးက အသည်းထဲစွဲအောင် အမှတ်တရတစ်ခုခုလုပ်လိုက်ရင်ကောင်းမလားဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ LGBT စုံတွဲလေးကို အရင်အတိုင်းချစ်ချစ်ခင်ခင်မြင်ချင်ကြတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Gae Gae’s fb

error: Alert: Content is protected !!