ညီအရင်းလေး ရှင်ဘုန်းပြည့်ကို ပထမဦးဆုံးအကြိမ် ပွဲထုတ်ပြီး ကြော်ငြာအတူတူရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်

သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသလို မိသားစုကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ညီဖြစ်သူ ရှင်ဘုန်းပြည့်ကလည်း အခုဆိုရင် အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပိုင်တံခွန်ရဲ့ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်တံခွန်ရဲ့အစ်ကို နိုင်တံခွန်ဟာလည်း အနုပညာလောကမှာ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

အနုပညာကိုဝါသနာပါတဲ့ မိသားစုတွေပီပီ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းဖေးမကူညီတတ်တဲ့ ပိုင်တံခွန်တို့ မိသားစုလေးဟာ ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် ကြော်ငြာသစ်လေးတစ်ခုကို မျှဝေလာပါတယ်။ ပိုင်တံခွန်က သူ Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ Samsung ကြော်ငြာမှာ ညီဖြစ်သူ ရှင်ဘုန်းပြည့်ကိုပါ လက်တွဲခေါ်ဆောင်ပြီး ကြော်ငြာအတူတူရိုက်ကူးထားတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ အနုပညာကိုဝါသနာပါပြီး တက်သစ်စတစ်ယောက်ဖြစ်တဲ့ ညီငယ်လေး ရှင်ဘုန်းပြည့်ကို ပရိသတ်တွေနဲ့ ရင်းနှီးစေဖို့ ကြော်ငြာအတူတူတွဲရိုက်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချောမောခန့်ညားလွန်းတဲ့ ပိုင်တံခွန်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon’s fb

error: Alert: Content is protected !!