ညီမလေး မေသက်ထားဆွေရဲ့ တောင်းဆိုမှုကြောင့် မြန်မာသံစဉ်တေးသီချင်းလေးကို စုံတွဲလိုက်သီဆိုပေးခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ ဗီဒီယို

Myanmar Idol Season (3) ရဲ့ Winner ဆုရှင်တစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့သီချင်း သီဆိုမှုကြောင့်ရော သူ့ရဲ့ရိုးသားတဲ့ပုံစံကြောင့်ရော ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ အခုဆိုရင် အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်နေပြီဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်အယ်လ်ဘမ်ကိုလည်း ထုတ်လုပ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်ဟာ ဘာသာရေးဘက်ကို ဦးစားပေးလုပ်ကိုင်နေပြီး ဘုန်းတော်ကြီးတွေရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဖြိုးမြတ်အောင်ဟာ ဘုန်းကြီးသိက္ခာထပ်ပွဲတစ်ခုမှာ သီချင်းဆိုပေးခဲ့ပြီး သူ့လိုပဲ သီချင်းလာဆိုပေးတဲ့ ညီမလေး မေသက်ထားဆွေနဲ့အတူတူ မြန်မာသံစဉ်တေးသီချင်းလေးတစ်ပုဒ်ကို သီဆိုခဲ့ပါတယ်။ မေသက်ထားဆွေက “ဒီမောင်နှမနှစ်ယောက် ဘာသီချင်းဆိုနေတာပါလိမ့်🤍 ကိုကြီးဖြိုးက ဒါလည်း ဆိုနိုင်ပါတယ်နော့ သူ့ညီမက တောင်းဆိုတော့ ဆိုပေးရှာတယ်။ ရိုက်ထားမိသလောက်လေး တင်ပေးလိုက်ပါတယ်ရှင်☺️” ဆိုပြီး သူတို့မောင်နှမနှစ်ယောက်သီဆိုထားတဲ့ သီချင်းဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။

ဖြိုးမြတ်အောင်ကတော့ မြန်မာသံစဉ်တေးသီချင်းတွေကို သီဆိုနေကျလူမဟုတ်ပေမယ့် ညီမလေးမေသက်ထားဆွေတောင်းဆိုတဲ့အခါ “နှလုံးသားကိုအလှဆင်ပါ” သီချင်းလေးကို သီဆိုပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်နဲ့ မေသက်ထားဆွေတို့ မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Maythethtar Swe’s fb

error: Alert: Content is protected !!