ညီမလေးရဲ့ ကိုယ်ပိုင်လုပ်အားခနဲ့ရတဲ့ ပိုက်ဆံ (၁၀) သိန်းနဲ့ ညီမလေးအံ့သြဝမ်းသာသွားအောင် Surprise တိုက်ပြီးပေးခဲ့တဲ့ မေပန်းချီ
သရုပ်ဆောင် မေပန်းချီကတော့ လူလေးလှသလို သရုပ်ဆောင်တဲ့နေရာမှာလည်း ဆေးစက်ကျရာအရုပ်ထင်ဆိုသလို ထိထိမိမိသရုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ မေပန်းချီဟာ လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားပြီး Online Live Sale ရောင်းချတဲ့အလုပ်တွေကိုသာ လက်မလည်အောင် လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မေပန်းချီရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးနေကြဆဲဖြစ်ပါတယ်။
မိခင်ဆုံးပါးသွားပြီးတဲ့နောက် ညီမလေးအပေါ် ပိုဂရုစိုက်ပြီး အမေလိုရော အမေလိုပါ အနီးကပ်စောင့်ရှောက်ပေးနေတဲ့ မေပန်းချီဟာ ဒီကနေ့မှာတော့ သူမရဲ့ ညီမလေးပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တာကို တွေ့ရပါတယ်။ မေပန်းချီက ညီမလေးအတွက် အလုပ်လက်ခံပေးခဲ့ပြီး ရရှိတဲ့ စရံငွေ (၁၀) သိန်းကို ညီမလေးအတွက် အံ့သြဝမ်းသာသွားအောင် Surprise တိုက်ခဲ့တာကို တွေ့ရပါတယ်။
မေပန်းချီကတော့ သူမရဲ့ညီမလေး ဝမ်းသာသွားအောင် ညီမလေးကိုယ်ပိုင်လုပ်အားခနဲ့ရတဲ့ ပိုက်ဆံ (၁၀) သိန်းကို ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မေပန်းချီတို့ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: May Panche’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: May Panche’s fb