ညီမငယ် မြတ်နိုးအေး ဆွဲပေးထားတဲ့ သူ့ရဲ့ပုံတူပန်းချီလေးကိုကြည့်ပြီး သဘောကျနေတဲ့ ဒေါင်းရဲ့ ပုံရိပ်

သရုပ်ဆောင်မင်းသားဒေါင်းကတော့ အရင်ကတည်းက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း တရားသောဓမ္မဘက်ကနေ ရပ်တည်ဖို့ သူ့ရဲ့ နေအိမ်၊ အလုပ်၊ မိသားစု အားလုံးကို စွန့်ခွာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒေါင်းလိုပဲ သရုပ်ဆောင် မြတ်နိုးအေးကလည်း တက်သစ်စအဖြစ် အောင်မြင်နေတဲ့ သူမရဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတာပဲ ဖြစ်ပါတယ်။

ဒေါင်းနဲ့ မြတ်နိုးအေးက ပြီးခဲ့တဲ့လတွေက “တော်လှန်ရေးဆိုသည်မှာ” ဆိုတဲ့ တော်လှန်ရေးရံပုံငွေ ဇာတ်လမ်းတိုလေးကို ရိုက်ကူးခဲ့ပြီး ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ မြတ်နိုးအေးက ပြီးခဲ့တဲ့လက ပုံတူပန်းချီဆွဲနည်းကို သင်ယူခဲ့ပြီး ဒေါင်း၊ ပိုင်ဖြိုးသုနဲ့ ချစ်သုဝေတို့ရဲ့ ပုံလေးတွေကို ဆွဲပေးခဲ့ပါတယ်။ ဒီကနေ့မှာတော့ မြတ်နိုးအေးက ဒေါင်းအတွက်ရေးဆွဲထားတဲ့ ပုံတူလေးကို ဒေါင်းရဲ့လက်ထဲ ထည့်ပေးနိုင်ခဲ့ပြီး ဒေါင်းကလည်း ညီမငယ်ပေးတဲ့လက်ဆောင်လေးကို သဘောကျစွာနဲ့ လက်ခံရယူခဲ့တာကို တွေ့ရပါတယ်။      

မြတ်နိုးအေးကတော့ ပန်းချီသင်တန်းကို တက်ရောက်ပြီး သူမခင်မင်ရင်းနှီးတဲ့ အနုပညာအစ်ကို အစ်မတွေကို လက်ဆောင်တွေပေးနေတာပဲ ဖြစ်ပါတယ်။ ဒေါင်းနဲ့ မြတ်နိုးအေးတို့ရဲ့ ပုံရိပ်လေးကတော့ ပရိသတ်တွေအတွက် အလွမ်းပြေစေမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Noe Aye’s fb

error: Alert: Content is protected !!