ညဝတ်ဘောင်းဘီဟောင်းလေးတစ်ထည်ဟာ ဒွေးနဲ့သူ့ရဲ့ကြားထဲ တစ်ခုတည်းသောအမှတ်တရဖြစ်တယ်လို့ ရင်ဖွင့်လာတဲ့ ညိုမင်းလွင်

သရုပ်ဆောင်၊ အဆိုတော် ဒွေးကတော့ သူ့ရဲ့အအောင်မြင်ဆုံးအချိန်မှာပဲ ရုတ်တရက်ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒွေးဟာ ကွယ်လွန်သွားခဲ့တာ ဒီကနေ့ဆိုရင် (၁၅) နှစ်တိတိရှိခဲ့ပြီဖြစ်ပြီး သူ့ကိုချစ်ကြတဲ့လူတွေနဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ မနေ့တစ်နေ့ကလို ထင်မှတ်နေဆဲပဲဖြစ်ပါတယ်။ ဒွေးရဲ့ ညီငယ်လေးတစ်ယောက်လိုလည်းဖြစ်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ ညိုမင်းလွင်ကလည်း ဒွေးကွယ်လွန်ခြင်း (၁၅) နှစ်ပြည့်မှာ ဒွေးနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတစ်ခုကို အခုလိုပဲပြောလာပါတယ်။

ညိုမင်းလွင်က “၂၀၀၇ ခုနှစ်၊မေလ ကျွန်တော် ပြင်ဦးလွင်၊သီရိမြန်မာဟိုတယ်၊အခန်းနံပါတ် ၃၀၁ ကိုတံခါးသွားခေါက်တယ်။ “အကို၊ကျွန်တော်ဒီနေ့မပြန်ဖြစ်တော့ဘူး၊ flight cancel ဖြစ်သွားလို့တဲ့”။ “ကောင်းတာပေါ့ ညိုကြီးရ၊အေးဆေးတစ်ညထပ်အိပ်လိုက်၊စကားလေးဘာလေးပြောရတာပေါ့၊ ရန်ကုန်မှာဘယ်နေ့ပြန်စမှာလဲ”။ “နောက်ကားက လကုန်မှ အကို” “အဲဒါဆိုအေးဆေးသာနေလိုက်၊တစ်ရက်နှစ်ရက်နေမှပြန်”။ “အဝတ်အစားတွေမရှိတော့ဘူး အကိုရဲ့၊ကားနဲ့ထည့်ပေးလိုက်ပြီ”။ “ဪ ကိုယ့်ဟာတွေယူဝတ်လိုက်၊ညိုကြီးကြိုက်တာယူ” အင်္ကျီတွေက ကားရိုက်ဖို့အဆက်တွေဖြစ်နေမှာစိုးလို့ အားနာနာနဲ့ပဲ ညဝတ်ဘောင်းဘီတစ်ထည်ယူဝတ်လိုက်မိတယ်။ “ကျွန်တော်ရန်ကုန်ရောက်မှပဲပြန်လျှော်ပြီးပေးတော့မယ် အကို” အဲဒီညဝတ်ဘောင်းဘီလေးက သူနဲ့ကျွန်တော်နဲ့ကြားက နောက်ဆုံးကျန်တဲ့တစ်ခုတည်းသောအမှတ်တရဖြစ်လာလိမ့်မယ်လို့ အဲဒီတုန်းကမထင်ခဲ့ဘူး။ ၁၅ နှစ်ရှိပြီတဲ့လား အကို….” ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။

ညိုမင်းလွင်ကတော့ ဒွေးဆီကအမှတ်မထင် ငှားရမ်းပြီးဝတ်ခဲ့တဲ့ ဘောင်းဘီလေးဟာ ဒွေးနဲ့ နောက်ဆုံးကျန်ရစ်ခဲ့တဲ့တစ်ခုတည်းသော အမှတ်တရဖြစ်မယ့်အကြောင်းကို လွန်ခဲ့တဲ့ (၁၅) နှစ်က မသိခဲ့ဖူးလို့ ဆိုပါတယ်။ ညိုမင်းလွင်ကတော့ ဒီလိုနေ့မျိုးမှာ ဒွေးကို အရင်ကထက်ပိုပြီး သတိရနေမိမှာဆိုတာ အသေအချာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nyo Min Lwin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ညဝတ္ေဘာင္းဘီေဟာင္းေလးတစ္ထည္ဟာ ေဒြးနဲ႔သူ႔ရဲ႕ၾကားထဲ တစ္ခုတည္းေသာအမွတ္တရျဖစ္တယ္လို႔ ရင္ဖြင့္လာတဲ့ ညိဳမင္းလြင္

သ႐ုပ္ေဆာင္၊ အဆိုေတာ္ ေဒြးကေတာ့ သူ႔ရဲ႕အေအာင္ျမင္ဆုံးအခ်ိန္မွာပဲ ႐ုတ္တရက္ကြယ္လြန္သြားခဲ့တာပဲျဖစ္ပါတယ္။ ေဒြးဟာ ကြယ္လြန္သြားခဲ့တာ ဒီကေန႔ဆိုရင္ (၁၅) ႏွစ္တိတိရွိခဲ့ၿပီျဖစ္ၿပီး သူ႔ကိုခ်စ္ၾကတဲ့လူေတြနဲ႔ ပရိသတ္ေတြကေတာ့ ဒီေန႔ဒီအခ်ိန္ထိ မေန႔တစ္ေန႔ကလို ထင္မွတ္ေနဆဲပဲျဖစ္ပါတယ္။ ေဒြးရဲ႕ ညီငယ္ေလးတစ္ေယာက္လိုလည္းျဖစ္တဲ့ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ညိဳမင္းလြင္ကလည္း ေဒြးကြယ္လြန္ျခင္း (၁၅) ႏွစ္ျပည့္မွာ ေဒြးနဲ႔ ပတ္သက္တဲ့ အမွတ္တရေလးတစ္ခုကို အခုလိုပဲေျပာလာပါတယ္။

ညိဳမင္းလြင္က “၂၀၀၇ ခုႏွစ္၊ေမလ ကြၽန္ေတာ္ ျပင္ဦးလြင္၊သီရိျမန္မာဟိုတယ္၊အခန္းနံပါတ္ ၃၀၁ ကိုတံခါးသြားေခါက္တယ္။ “အကို၊ကြၽန္ေတာ္ဒီေန႔မျပန္ျဖစ္ေတာ့ဘူး၊ flight cancel ျဖစ္သြားလို႔တဲ့”။ “ေကာင္းတာေပါ့ ညိဳႀကီးရ၊ေအးေဆးတစ္ညထပ္အိပ္လိုက္၊စကားေလးဘာေလးေျပာရတာေပါ့၊ ရန္ကုန္မွာဘယ္ေန႔ျပန္စမွာလဲ”။ “ေနာက္ကားက လကုန္မွ အကို” “အဲဒါဆိုေအးေဆးသာေနလိုက္၊တစ္ရက္ႏွစ္ရက္ေနမွျပန္”။ “အဝတ္အစားေတြမရွိေတာ့ဘူး အကိုရဲ႕၊ကားနဲ႔ထည့္ေပးလိုက္ၿပီ”။ “ဪ ကိုယ့္ဟာေတြယူဝတ္လိုက္၊ညိဳႀကီးႀကိဳက္တာယူ” အက်ႌေတြက ကား႐ိုက္ဖို႔အဆက္ေတြျဖစ္ေနမွာစိုးလို႔ အားနာနာနဲ႔ပဲ ညဝတ္ေဘာင္းဘီတစ္ထည္ယူဝတ္လိုက္မိတယ္။ “ကြၽန္ေတာ္ရန္ကုန္ေရာက္မွပဲျပန္ေလွ်ာ္ၿပီးေပးေတာ့မယ္ အကို” အဲဒီညဝတ္ေဘာင္းဘီေလးက သူနဲ႔ကြၽန္ေတာ္နဲ႔ၾကားက ေနာက္ဆုံးက်န္တဲ့တစ္ခုတည္းေသာအမွတ္တရျဖစ္လာလိမ့္မယ္လို႔ အဲဒီတုန္းကမထင္ခဲ့ဘူး။ ၁၅ ႏွစ္ရွိၿပီတဲ့လား အကို….” ဆိုၿပီး ရင္ဖြင့္ခဲ့ပါတယ္။

ညိဳမင္းလြင္ကေတာ့ ေဒြးဆီကအမွတ္မထင္ ငွားရမ္းၿပီးဝတ္ခဲ့တဲ့ ေဘာင္းဘီေလးဟာ ေဒြးနဲ႔ ေနာက္ဆုံးက်န္ရစ္ခဲ့တဲ့တစ္ခုတည္းေသာ အမွတ္တရျဖစ္မယ့္အေၾကာင္းကို လြန္ခဲ့တဲ့ (၁၅) ႏွစ္က မသိခဲ့ဖူးလို႔ ဆိုပါတယ္။ ညိဳမင္းလြင္ကေတာ့ ဒီလိုေန႔မ်ိဳးမွာ ေဒြးကို အရင္ကထက္ပိုၿပီး သတိရေနမိမွာဆိုတာ အေသအခ်ာပါပဲေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Nyo Min Lwin’s fb

error: Alert: Content is protected !!