ဉာဏ်ရည်မသန်စွမ်းကလေးများကို ကိုယ့်သွေးသားရင်းချာမောင်နှမလိုနွေးထွေးစွာဆက်ဆံခဲ့ကြောင်းတွေ့ရတဲ့ အောင်ရေချမ်းရဲ့ ဗီဒီယို
ညိုချောမင်းသား အောင်ရေချမ်းကတော့ ဒရမ်မာဇာတ်လမ်းတွဲတွေကို အများဆုံးရိုက်ကူးတဲ့ မင်းသားတစ်လက်ပါပဲ။ ကျရာဇာတ်ရုပ်အပေါ်မှာ တာဝန်ကျေပွန်ချင်စိတ်နဲ့ အကောင်းဆုံးသရုပ်ဆောင်တဲ့ အောင်ရေချမ်းဟာ ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုကိုရရှိထားသူဖြစ်ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “မဟူရာပုလဲ” ဇာတ်လမ်းတွဲမှာလည်း စိတ်ဝင်စားမှုတွေများစွာကို ရရှိနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ အောင်ရေချမ်းက ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဉာဏ်ရည်မသန်စွမ်းသူများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ သွားရောက်လှူဒါန်းဖြစ်တဲ့ ဗီဒီယိုလေးကို မျှဝေလာပါတယ်။ အောင်ရေချမ်းက မသန်စွမ်းကလေးတွေအပေါ်မှာ အစ်ကိုကြီးတစ်ယောက်လိုပုံစံမျိုးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံခဲ့တာကို ဗီဒီယိုလေးထဲမှာတွေ့မြင်နိုင်ပါတယ်။
အောင်ရေချမ်းကတော့ အလှူအတန်းတွေပြုလုပ်နေသလို လတ်တလောမှာလည်း ဒါရိုက်တာဟိန်းစိုးရိုက်ကူးမယ့် “မဟူရာပုလဲ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ကိုလည်း ပြင်ဆင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ရေချမ်းရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ဉာဏ်ရည်မသန်စွမ်းကလေးတွေကို ဂရုဏာသက်မိကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aung Yay Chan’s fb