ဇွတ်မိန်းမကောင်းလုပ်ပြီး မှားထားသမျှကို အမြန်ဆုံးလာတောင်းပန်ဖို့ ချစ်သူဟောင်းကို သတိပေးလိုက်တဲ့ နေဒွေး
သရုပ်ဆောင်နေဒွေးကတော့ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ပီပီ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်စိတ်ဝင်စားခြင်းခံရသလို သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်လည်း အာရုံစိုက်ခြင်းခံရသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဒွေးက သူ့ရဲ့ချစ်သူဟောင်း Htang Ra ကို သူ့အပေါ်မှာ မှားထားသမျှ ပြန်လာတောင်းပန်ဖို့ ပြောဆိုခဲ့တာကို ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။
နေဒွေးက “အရင်ဖောက်ပြန်ပြီး ဇွတ်မိန်းမကောင်းမလေးရေ ဖုန်းတွေလာလာဆက်မနေနဲ့ ကိုယ့်အမှားကိုယ်ဝန်ခံပြီးအကို့ကို့အမြန်တောင်းပန်လိုက်ပါ နို့မို့ ဖုန်းပြောထားတဲ့အသံဖိုင်တွေပါထပ်တင်ပေးပါမယ်နော် ☺️ ညီမဘက်ကနေအရင်စပြီးစိန်ခေါ် ဇွတ်ပန်းနုသွေးလို့အကိုကအဆုံးထိ လုပ်ရတာပါနော် တဖက်မိသားစုထိခိုက်မှာစိုးလို့အကိုသီးခံခဲ့တာ အခုမရတော့လို့တဖက်မိသားစုအတွက်လည်းစိတ်ကောင်းပါဘူး”
“နောက်ထပ်တနာရီ နေတာနဲ့ ကျွန်တော့်စော်ကားထားတာတွေ သူဇွတ်မိန်းမကောင်းလုပ်ထားတာတွေ အချက်အလက်သက်သေအထောက်အထားအပြည့်အစုံ နဲ့တကွ တင်ပေးမယ် ရှင်းပေးပါ့မယ်☺️ အမှန်တရားဘက်မှာပဲ ဘုရားကရပ်တည်ပေးပါတယ်🙏🏼🙏🏼🙏🏼 ကျွန်တော့်က မတွဲတော့မှ အောက်ဖန်လှဲတာ မဟုတ်ပါဖူး ပြတ်ပြီးတလကျော်ထိ သူ့အကောင့်မှာ Page မှာ ဇွတ်ပန်းနုသွေးပြီး ပို့စ့်တွေတခုခုပြီးတခုတင်လိုက်ဖျက်လိုက် စောင်းလိုက် လုပ်ခဲ့တာ သူ့သိက္ခာအတွက် ကျွန်တော်မဖြေရှင်းပဲငြိမ်နေခဲ့တာ သူ့အကောင့်နဲ့ Page follow လုပ်ထားသူများသိမှာပါ ခုဟာက စော်ကားလွန်းလွန့် ခုလို လုပ်လိုက်ရတာပါ”
“တဖက်လူနဲ့စကားပြောအပြီး သူရှင်းပေးပါ့မယ် အချိန်ခဏစောင့်ပါဆိုလို့ ထပ်စောင့်ပေးနေပါတယ်နော် တဖက်လူကခေါ်ရှင်းဖို့ဖုန်းဆက်တာမလာရဲပဲပတ်ပြေးနေတော့ 🥴တော်လိုက်ပါတော့ညီမရယ် ယောကျာ်းတွေကိုလှည့်စားနေတာတွေ ခုချိန်မှာတောင်းပန်ပြီး ပြီးသွားရင် ညီမအတွက်အကောင်းဆုံးပါ သံယောဇဉ်တခုကြောင့်ပါ 😪 ညီမ ဒုက္ခရောက်မယ်နော်” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ နေဒွေးနဲ့ သူ့ရဲ့ရည်းစားဟောင်း Htang Ra တို့ဟာ ဘာကိစ္စကိုမှ ထပ်ပြီး အကျယ်တဝင့်မရှင်းကြသေးပါဘူး။ နေဒွေးတို့ကိစ္စကတော့ ကာယကံရှင်သာ အမှန်တရားကို သိနိုင်မှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nay Dway ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Nay Dway ‘s fb