ဇေယျာသော်ရဲ့ သတင်းဆိုးကိုကြားပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်း ဖော်ထုတ်ပြသခဲ့တဲ့ အနုပညာရှင်များ
ACID အဖွဲ့ဝင်အဆိုတော်တစ်ယောက်လည်းဖြစ်သလို နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တဲ့ ဇေယျာသော်ကတော့ (၂၀၂၁) ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး စစ်အာဏရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ချေမှုန်းရေးတာဝန်များကို ဆောင်ရွက်ရင်း ဖမ်းဆီးခြင်းခံခဲ့ရပြီး သေမိန့်ချမှတ်ခံထားရတဲ့ ဇေယျာသော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၄) ရက်နေ့မှာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်စီရင်ခံရပြီးပြီလို့ ဒီကနေ့ ဇူလိုင်လ (၂၅) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဇေယျာသော်ရဲ့ အဆိုပါသတင်းဆိုးကိုကြားကြားချင်း ပြည်သူတွေနဲ့အတူတူ အနုပညာညီအစ်ကိုမောင်နှမတွေကလည်း သူတို့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ စိတ်မကောင်းဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။ မင်းမော်ကွန်း၊ ကိုပေါက်၊ ပိုးလေး၊ ပိုင်တံခွန်၊ မေမီကိုကို၊ ပိုးကြာဖြူခင်၊ ဇာဏ်ခီ၊ ရတနာဗိုလ်၊ စတဲ့ အနုပညာရှင်တွေမှာ သတင်းမှားဖြစ်ဖို့ ဆုတောင်းနေကြသလို ဇေယျာသော်အတွက် ဝမ်းနည်းစိတ်မကောင်းတဲ့ အထိမ်းအမှတ်အဖြစ် အနက်ရောင် Profile Picture တွေပြောင်းလဲခဲ့ကြသူတွေလည်းရှိပါတယ်။
ဇေယျာသော်ရဲ့ သတင်းနဲ့ ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်စီရင်ခံရပြီးပြီလို့ဆိုပေမယ့် သူ့ရဲ့မိခင်ကတော့ လက်ရှိမှာ အင်းစိန်ထောင်ရဲ့ ထောင်ပိုင်ကြီးနဲ့တွေ့ဆုံပြီး သတင်းမှန်ကို သိရဖို့ ကြိုးစားနေလျက်ရှိတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေယျာသော်အတွက် ဆုတောင်းပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။