ဇေယျာသော်ရဲ့နေအိမ်ကို လာရောက်ဆဲဆိုပြီး၊ ခဲတွေနဲ့ပစ်ပေါက်နေကြတဲ့ အုပ်စုလိုက်ရမ်းကားသူတွေရဲ့ ဗီဒီယို

တစ်နိုင်ငံလုံးက လေးစားရတဲ့ သူရဲကောင်းကြီး၊ တစ်နိုင်ငံလုံးက အားပေးချစ်ခင်ရတဲ့ အဆိုတော်ကြီး ဇေယျာသော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဇေယျာသော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ စနေနေ့က ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်ဆိုပြီး ဒီကနေ့ ဇူလိုင်လ (၂၅) ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ဇေယျာသော်ကွယ်လွန်ခြင်းအတွက် တစ်နိုင်ငံလုံးက အမှန်တရားကိုမြတ်နိုးတဲ့ပြည်သူတွေက ဝမ်းနည်းစိတ်မကောင်းဖြစ်ကြပေမယ့် စစ်ကောင်စီလက်ပါးစေလူတစ်စုကတော့ ဒီကနေ့ ဇူလိုင်လ (၂၇) ရက်နေ့ နေ့လည်ပိုင်းမှာ ဇေယျာသော်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းက နေအိမ်ကို အကြမ်းဖက်လူတစ်စုက Light Truck ကားတွေနဲ့ ရောက်လာခဲ့ပြီး နေအိမ်အောက် ကားလမ်းမပေါ်ကနေ အော်ဟစ်ဆဲဆိုခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး ခဲတွေ၊ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်မှုတွေပြုလုပ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

အ ကြမ်း ဖက်တဲ့သူတွေက အ ကြမ်း ဖက်စစ်တပ်ထောက်ခံပွဲတွေမှာ လာရောက်တဲ့ပုံစံအတိုင်း Light Truck ကား ၇ စီးခန့် နဲ့ လူဦးရေ ခန့်မှန်း ၅၀ လောက်အထိ ရှိတယ်လို့လည်းသိရပါတယ်။ ပြည်သူတွေကတော့ အခုလိုလုပ်ရပ်မျိုးကို လက်မခံနိုင်စွာနဲ့ ဝေဖန်ရှုံ့ချနေလျက်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Public Voice Television’s fb

error: Alert: Content is protected !!