ဇေယျာသော်နောက်ဆုံးဆိုခဲ့တဲ့ “ငါတို့ဒဏ္ဍာရီ” သီချင်းလေးကို ကြည့်ရှုသူ တစ်သန်းတိတိပြည့်သွားခဲ့ပြီဆိုတဲ့ ရန်ရန်ချမ်း
ACID အဖွဲ့ရဲ့အဆိုတော် ရန်ရန်ချမ်းကတော့ တော်လှန်ရေးမှာ သူနိုင်သမျှတာဝန်တွေကို ထမ်းဆောင်ရင်း ပြည်သူတွေထဲကပြည်သူတစ်ယောက်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်နေသူပဲဖြစ်ပါတယ်။ ရန်ရန်ချမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဇေယျာသော်ကျဆုံးသွားတာနဲ့ပတ်သက်ပြီး စိတ်ထိခိုက်ပေမယ့် တော်လှန်ရေးအတွက် လုပ်စရာရှိတာတွေဆက်လုပ်ရင်း R ဇာနည်၊ ဇေယျာသော်တို့နဲ့ နောက်ဆုံးအတူတူသီဆိုခဲ့တဲ့ “ငါတို့ဒဏ္ဍာရီ” သီချင်းလေးကို တော်လှန်ရေးရန်ပုံငွေအတွက် ပရိသတ်ကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။
“ငါတို့ဒဏ္ဍာရီ” သီချင်းလေးကို တော်လှန်ရေးရန်ပုံငွေရရှိစေဖို့ ပရိသတ်တွေဆီ ချပြခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ သီချင်းလေးကို ကြည့်ရှုသူတစ်သန်းတိတိပြည့်ခဲ့ပြီလို့ ရန်ရန်ချမ်းက ပြောလာပါတယ်။ ရန်ရန်ချမ်းက “1M တော့ပြည့်သွားပြီ များများကူနိုင်အောင် ထပ်click ကြဦးစို့ ☝️” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
“ငါတို့ဒဏ္ဍာရီ” သီချင်းလေးကတော့ နိုင်ငံရေးအခြေအနေတွေကြောင့် မထုတ်တော့ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဇေယျာ်သော်ကွယ်လွန်ပြီးတဲ့နောက်မှာ ရန်ပုံငွေရရှိစေဖို့ ပရိသတ်တွေဆီ ချပြခဲ့တာပဲဖြစ်ပါတယ်။ ရန်ရန်ချမ်းပြောသလိုပဲ ရဲဘော်တွေဆီ စီးဆင်းမယ့် ရန်ပုံငွေအများကြီးရရှိဖို့ သီချင်းလေးကို နားဆင်ပြီး များများ Click ပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yan Yan Chan ‘s fb

error: Alert: Content is protected !!