ဇာတ်အဖွဲ့ဖျက်သိမ်းလိုက်ပြီမို့ စတိတ်စင်နဲ့တကွ ဇာတ်အသုံးအဆောင်ပစ္စည်းတွေ ရောင်းချမယ်ဆိုတဲ့ ဟန်ဇာမိုးဝင်း

သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ မဟာရန်ကုန်စံပြဇာတ်သဘင်ကြီးကတော့ ၁၉၉၃ ခုနှစ်က မင်းသားစိန်မာဒင်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မဟာရန်ကုန်စံပြသဘင်ကြီးကတော့ မင်းသားကြီး စိန်မာဒင်လက်ထက်ကတဆင့် မင်းသားမိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း စသည်ဖြင့်လက်ဆင့်ကမ်းလာခဲ့ပြီး အောင်မြင်မှုတွေ တဖွဲဖွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလ (၉) ရက်နေ့မှာတော့ ဟန်ဇာမိုးဝင်းက မဟာရန်ကုန်စံပြသဘင်ကြီးကို လုံးဝရပ်နားလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဟန်ဇာမိုးဝင်းက ဇာတ်သဘင်ကိုရပ်နားလိုက်ပြီဖြစ်တဲ့အတွက် ဇာတ်အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချမယ့်အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲကြေငြာလာပါတယ်။ “ကျွန်တော်လဲ ဆက်မကဖြစ်တော့ဘူးဆိုတော့ ဖျော်ဖြေရေးအတွက် stage ခုံများ၊ Lighting တွေ၊ အသံပစ္စည်းတွေ ၊ လိုက်ကာတွေ၊ ဇာတ်သုံး ပစ္စည်းများ အမှန်တကယ် လိုအပ်သူများကို ပြန်လည်ရောင်းချပေးပါ့မည်။ မှတ်ချက် ကျွန်တော့ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုး၊ ပုခုံးအုပ်၊ မင်းသားဖိနပ်များလုံးဝမရောင်းပါ (အမှတ်တရသိမ်းထားဖို့အတွက်ပါ)” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဟန်ဇာမိုးဝင်းကတော့ ဇာတ်မကဖြစ်တော့တဲ့အတွက် ကြီးမားတဲ့အသုံးအဆောင်ပစ္စည်းတွေကိုရောင်းချပြီး သူ့ရဲ့ တစ်ကိုယ်ရေစာ အသုံးအဆောင်ပစ္စည်းတွေကိုတော့ အမှတ်တရမို့ လုံးဝမရောင်းဘူးလို့ ပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Zar Moe Win ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဇာတ္အဖြဲ႕ဖ်က္သိမ္းလိုက္ၿပီမို႔ စတိတ္စင္နဲ႔တကြ ဇာတ္အသုံးအေဆာင္ပစၥည္းေတြ ေရာင္းခ်မယ္ဆိုတဲ့ ဟန္ဇာမိုးဝင္း

သမိုင္းအစဥ္အလာႀကီးမားခဲ့တဲ့ မဟာရန္ကုန္စံျပဇာတ္သဘင္ႀကီးကေတာ့ ၁၉၉၃ ခုႏွစ္က မင္းသားစိန္မာဒင္က စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ မဟာရန္ကုန္စံျပသဘင္ႀကီးကေတာ့ မင္းသားႀကီး စိန္မာဒင္လက္ထက္ကတဆင့္ မင္းသားမိုးဝင္း၊ ဟန္ဇာမိုးဝင္း၊ တင္ဇာမိုးဝင္း စသည္ျဖင့္လက္ဆင့္ကမ္းလာခဲ့ၿပီး ေအာင္ျမင္မႈေတြ တဖြဲဖြဲရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ဧၿပီလ (၉) ရက္ေန႔မွာေတာ့ ဟန္ဇာမိုးဝင္းက မဟာရန္ကုန္စံျပသဘင္ႀကီးကို လုံးဝရပ္နားလိုက္ၿပီလို႔ ေၾကျငာခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ ဟန္ဇာမိုးဝင္းက ဇာတ္သဘင္ကိုရပ္နားလိုက္ၿပီျဖစ္တဲ့အတြက္ ဇာတ္အသုံးအေဆာင္ပစၥည္းေတြကို ေရာင္းခ်မယ့္အေၾကာင္းကို သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ အခုလိုပဲေၾကျငာလာပါတယ္။ “ကြၽန္ေတာ္လဲ ဆက္မကျဖစ္ေတာ့ဘူးဆိုေတာ့ ေဖ်ာ္ေျဖေရးအတြက္ stage ခုံမ်ား၊ Lighting ေတြ၊ အသံပစၥည္းေတြ ၊ လိုက္ကာေတြ၊ ဇာတ္သုံး ပစၥည္းမ်ား အမွန္တကယ္ လိုအပ္သူမ်ားကို ျပန္လည္ေရာင္းခ်ေပးပါ့မည္။ မွတ္ခ်က္ ကြၽန္ေတာ့ေခါင္းေပါင္း၊ ေတာင္ရွည္ပုဆိုး၊ ပုခုံးအုပ္၊ မင္းသားဖိနပ္မ်ားလုံးဝမေရာင္းပါ (အမွတ္တရသိမ္းထားဖို႔အတြက္ပါ)” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

ဟန္ဇာမိုးဝင္းကေတာ့ ဇာတ္မကျဖစ္ေတာ့တဲ့အတြက္ ႀကီးမားတဲ့အသုံးအေဆာင္ပစၥည္းေတြကိုေရာင္းခ်ၿပီး သူ႔ရဲ႕ တစ္ကိုယ္ေရစာ အသုံးအေဆာင္ပစၥည္းေတြကိုေတာ့ အမွတ္တရမို႔ လုံးဝမေရာင္းဘူးလို႔ ေျပာလာတာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Han Zar Moe Win ‘s fb

error: Alert: Content is protected !!