ဇာတ်လမ်းတွဲမှာ အပြိုင်အဆိုင်သရုပ်ဆောင်ရပေမယ့် အပြင်မှာတော့အရမ်းချစ်ကြတဲ့ နန်းစန္ဒာလှထွန်းနဲ့ ဆက်ယွန်းတွယ်တာ
လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိနေတာပဲဖြစ်ပါတယ်။ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲရဲ့ အဓိက သရုပ်ဆောင် မင်းသမီးတွေဖြစ်ကြတဲ့ ဆုထက်လှိုင်၊ နန်းစန္ဒာလှထွန်း၊ ဆက်ယွန်းတွယ်တာနဲ့ နေရည်ဝင်းလဲ့တို့ကလည်း ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ (၂၂) ရက်နေ့ကတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမင်းသမီးလေး နန်းစန္ဒာလှထွန်းရဲ့မွေးနေ့လေးဖြစ်ပြီး ဆက်ယွန်းတွယ်တာကလည်း မွေးနေ့ရှင်လေး နန်းစန္ဒာလှထွန်းအတွက် “Happy Birthday ပါချစ်ရသူလေးရေ 🥳🎂မွေးနေ့မှစနောင်နှစ်ပေါင်းများစွာတိုင်ချစ်ခင်ရသူတွေနဲ့အတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ..ခလေးတယောက်လိုအလိုလိုက်ပြီးချစ်ပေးလို့လဲအရမ်းချစ်တယ်နော် 😘” ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရဓာတ်ပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
နန်းစန္ဒာလှထွန်းနဲ့ ဆက်ယွန်းတွယ်တာကတော့ ဇာတ်လမ်းတွဲထဲမှာ မင်းသားရဲ့ မယားပြိုင်တွေအဖြစ် သရုပ်ဆောင်ကြရပေမယ့် အပြင်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်ရင်းနှီးကြတာ ပရိသတ်ကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Sett Yoon Twel Tar’s fb