ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ရဲ့မွေးနေ့လေးကိုသွားပြီး သတိတရမွေးနေ့လက်ဆောင်လေးပေးခဲ့တဲ့ မိုးဟေကို

သရုပ်ဆောင် မိုးဟေကိုကတော့ လူလေးချောသလို စိတ်ထားလေးလည်းလှတဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်ယောက်ပါပဲ။ မိုးဟေကိုဟာ နာမည်ကြီးမင်းသမီးဖြစ်ပေမယ့် မိခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို စိတ်သွားတိုင်းကိုယ်ပါစွာ မလုပ်ကိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာ မိုးဟေကိုရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ နည်းနည်းစီသာထွက်ရှိလာခဲ့ပြီး မိုးဟေကိုရဲ့ အနုပညာလှုပ်ရှားမှုတွေဟာလည်း နည်းပါးသွားခဲ့တာဖြစ်ပါတယ်။

အနုပညာအလုပ်တွေမလုပ်ဖြစ်ပေမယ့် ချစ်ရတဲ့သူတွေနဲ့အမြဲတမ်း အချိန်ကုန်ဆုံးဖြစ်တဲ့ မိုးဟေကိုဟာ ပြီးခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့မှာ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ရဲ့ မွေးနေ့လေးကို သွားရောက်ခဲ့ပါတယ်။ မိုးဟေကိုက ယွန်းရွှေရည်ရဲ့မွေးနေ့လေးကိုသွားပြီး သူမရဲ့ ဆိုင်ကအထည်လေးတွေကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တယ်လို့ ယွန်းရွှေရည်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

မိုးဟေကိုကတော့ မင်းသမီးတစ်ယောက်ဆိုပေမယ့် ဇာတ်ပို့သရုပ်ဆောင်တွေကို ညီအစ်မလို သူငယ်ချင်းလို ရင်းရင်းနှီးနှီးဆက်ဆံတတ်သူဆိုတာကို ကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ ပရိသတ်ကြီးလည်း စိတ်ထားကောင်းတဲ့ မိုးဟေကိုကို အရင်ကထက်ပိုပြီးချစ်နေကြမယ်ဆိုတာ သေချာပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yoon Shwe Yi’s fb

error: Alert: Content is protected !!