ဇာတ်ကားထဲက ဒေါ်စိန်ရွှေဆင့်ဟာ အရမ်းဆိုးပေမယ့် အပြင်က စိုးမြတ်သူဇာကတော့ အရမ်းချစ်ဖို့ကောင်းတယ်ဆိုတဲ့ အင်ကြင်းထူး

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ သရဖူ ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ဇာတ်ရှိန်မြင့်တက်လာခဲ့တဲ့ သရဖူ ဇာတ်လမ်းတွဲဟာ မကြာခင်အချိန်အတွင်းမှာပဲ ဇာတ်သိမ်းတော့မှာပဲဖြစ်ပါတယ်။ ပါဝင်ကြတဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီတိုင်းဟာလည်း ကိုယ်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်အပေါ်တာဝန်ကျေကြတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကိုခံယူနေရတာပဲဖြစ်ပါတယ်။


ခက်ခက်ဝေဆိုတဲ့ သနားစရာအိမ်အကူမလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ အင်ကြင်းထူးဟာလည်း သူမရဲ့အပြင်ပုံစံနဲ့လုံးဝကွာခြားတဲ့ ဇာတ်ရုပ်တစ်ခုကို သရုပ်ဆောင်ပြနိုင်တာကြောင့် ပရိသတ်ချီးကျူးခံရတဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။ ဒီကနေ့မှာတော့ အင်ကြင်းထူးက သရုပ်ဆောင် အကယ်ဒမီစိုးမြတ်သူဇာနဲ့ အတူတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကို မျှဝေရင်း “အရမ်းချစ်ဖို့ကောင်းတဲ့ မေမေကြီးနဲ့အမှတ်တရ 💞 သရဖူကားလေးတောင် ပြီးတော့မယ်နော် 💕 ခက်ဝေလေးကိုလည်း အားပေးပြီးချစ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်💕💕 #ခက်ခက်ဝေ #သရဖူဇာတ်လမ်းတွဲ #mrtv4series” ဆိုပြီး အမှတ်တရတွေကို ပြသလာပါတယ်။

အင်ကြင်းထူးကတော့ ဇာတ်လမ်းထဲက ဒေါ်စိန်ရွှေဆင့်ဟာ မောက်မာပြီး အဆင့်အတန်းခွဲခြားပေမယ့် အပြင်က စိုးမြတ်သူဇာကတော့ သရုပ်ဆောင်အသစ်တွေအပေါ် ဖေးမပြီး အရမ်းချစ်စရာကောင်းတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သရဖူ ဇာတ်ကားပြီးသွားသည့်တိုင် ခက်ခက်ဝေနေရာကနေ သရုပ်ဆောင်ထားတဲ့ အင်ကြင်းထူးကို ဆက်လက်ပြီး အားပေးချစ်ခင်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Inngyin Htoo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဇာတ္ကားထဲက ေဒၚစိန္ေရႊဆင့္ဟာ အရမ္းဆိုးေပမယ့္ အျပင္က စိုးျမတ္သူဇာကေတာ့ အရမ္းခ်စ္ဖို႔ေကာင္းတယ္ဆိုတဲ့ အင္ၾကင္းထူး

လက္ရွိ MRTV 4 ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ သရဖူ ဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြရဲ႕ ႀကိဳက္ႏွစ္သက္အားေပးမႈကို အခိုင္အမာရရွိထားတာပဲျဖစ္ပါတယ္။ တစ္ေန႔ထက္တစ္ေန႔ ဇာတ္ရွိန္ျမင့္တက္လာခဲ့တဲ့ သရဖူ ဇာတ္လမ္းတြဲဟာ မၾကာခင္အခ်ိန္အတြင္းမွာပဲ ဇာတ္သိမ္းေတာ့မွာပဲျဖစ္ပါတယ္။ ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ခ်င္းစီတိုင္းဟာလည္း ကိုယ္သ႐ုပ္ေဆာင္တဲ့ ဇာတ္႐ုပ္အေပၚတာဝန္ေက်ၾကတာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကိုခံယူေနရတာပဲျဖစ္ပါတယ္။

ခက္ခက္ေဝဆိုတဲ့ သနားစရာအိမ္အကူမေလးေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အင္ၾကင္းထူးဟာလည္း သူမရဲ႕အျပင္ပုံစံနဲ႔လုံးဝကြာျခားတဲ့ ဇာတ္႐ုပ္တစ္ခုကို သ႐ုပ္ေဆာင္ျပႏိုင္တာေၾကာင့္ ပရိသတ္ခ်ီးက်ဴးခံရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါပဲ။ ဒီကေန႔မွာေတာ့ အင္ၾကင္းထူးက သ႐ုပ္ေဆာင္ အကယ္ဒမီစိုးျမတ္သူဇာနဲ႔ အတူတူတြဲ႐ိုက္ထားတဲ့ဓာတ္ပုံေလးကို မွ်ေဝရင္း “အရမ္းခ်စ္ဖို႔ေကာင္းတဲ့ ေမေမႀကီးနဲ႔အမွတ္တရ 💞 သရဖူကားေလးေတာင္ ၿပီးေတာ့မယ္ေနာ္ 💕 ခက္ေဝေလးကိုလည္း အားေပးၿပီးခ်စ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ကြယ္💕💕 #ခက္ခက္ေဝ #သရဖူဇာတ္လမ္းတြဲ #mrtv4series” ဆိုျပီး အမွတ္တရေတြကို ျပသလာပါတယ္။

အင္ၾကင္းထူးကေတာ့ ဇာတ္လမ္းထဲက ေဒၚစိန္ေရႊဆင့္ဟာ ေမာက္မာျပီး အဆင့္အတန္းခြဲျခားေပမယ့္ အျပင္က စိုးျမတ္သူဇာကေတာ့ သရုပ္ေဆာင္အသစ္ေတြအေပၚ ေဖးမျပီး အရမ္းခ်စ္စရာေကာင္းတယ္လို့ ေျပာလာတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သရဖူ ဇာတ္ကားျပီးသြားသည့္တိုင္ ခက္ခက္ေဝေနရာကေန သရုပ္ေဆာင္ထားတဲ့ အင္ၾကင္းထူးကို ဆက္လက္ျပီး အားေပးခ်စ္ခင္ေပးၾကပါဦးေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Inngyin Htoo’s fb

error: Alert: Content is protected !!