ဇရာကြောင့် အိုမင်းလာပေမယ့် ကျန်းမာရေးသိသိသာသာကောင်းမွန်လာခဲ့တဲ့ လျှို့ဝှက်ချက်ကိုပြောပြလာတဲ့ အောင်ရင်

တခေတ်တစ်ခါက စတူဒီယိုအဆိုတော်ကြီးအောင်ရင်ကတော့ နာမည်ကြီးတေးသီချင်းတွေများစွာနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အောင်ရင်က လက်ရှိမှာတော့ အသက်အရွယ်တစ်ခုရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံရပ်ခြားမှာနေထိုင်နေတာမို့ ပရိသတ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အောင်ရင်က တစ်ရက်ထက်တစ်ရက်အသက်ကြီးလာခဲ့ပေမယ့် ကျန်းမာရေးပိုကောင်းလာခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုကို အခုလိုပဲပြောပြလာပါတယ်။

အောင်ရင်က “ကျနော် 2020 January လောက်ကစပြီး နေ့တိုင်း လမ်းလျှောက်၊ ရေများများသောက်၊ carbs နဲ့ sugar လျှော့စားတာတွေ လုပ်ဖြစ်တယ်၊ Intermittent fasting သေချာလုပ်တာ ၉ လလောက်ရှိပြီ။ ဇရာကြောင့် လူက အိုစနာကျနေပေမဲ့ ကျန်းမာရေး သိသိသာသာ ပိုကောင်းလာတယ်။ မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ ❤️” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

အောင်ရင်ကတော့ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားကို လျှော့စားပြီး အစားကို သေချာစိစစ်ပြီးစားသောက်နေထိုင်တာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပြီးကျန်းမာလာခဲ့တယ်လို့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကို ပြောလာတာပဲဖြစ်ပါတယ်။ အောင်ရင်တစ်ယောက် ဒီထက်မက ကျန်းမာပြီး အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Aung Yin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Aung Yin ‘s fb

error: Alert: Content is protected !!