ဇနီးသည်လုပ်ချင်တဲ့ စီးပွားရေးလေးတစ်ခုကို စတင်အစပျိုးတည်ထောင်ပေးခဲ့ပြီဆိုတဲ့ နိုင်းဝမ်း
နိုင်ငံကျော်တေးသံရှင် အဆိုတော် နိုင်းဝမ်းကတော့ နှစ်တွေအကြာကြီး မြတ်မြတ်နိုးနိုးချစ်ခဲ့ရတဲ့ မိန်းကလေးနဲ့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်ကပဲ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ သူချစ်တဲ့ မိန်းကလေးကို ခမ်းခမ်းနားနားလက်ထပ်မင်္ဂလာဆောင်ခဲ့တဲ့အပြင် သူ့ရဲ့ ရှိရှိသမျှ အချစ်တွေအကုန်လုံးကိုလည်း ပုံအောပေးအပ်ခဲ့တာမို့ ပရိသတ်တွေက အားကျခဲ့ရတာပဲဖြစ်ပါတယ်။ ဇနီးကို အရမ်းချစ်ပြီး ဇနီးသည်ဖြစ်ချင်သမျှကို အကုန်လိုက်လျောပေးတဲ့ နိုင်းဝမ်းဟာ ဒီကနေ့မှာလည်း သူ့ရဲ့ချစ်ဇနီးလုပ်ချင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို အစပျိုးပေးခဲ့ပြီလို့ အခုလိုပဲပြောလာပါတယ်။
နိုင်းဝမ်းက “ကျွန်တော့ရဲ့ တစ်ဦးတည်းသောချစ်ဆုံးမိန်းမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုသူကိုယ်တိုင်ဦးစီးလုပ်ကိုင်ချင်ပါတယ်ဆိုပြီးတောင်းဆိုလာလို့ ဟောဒီ “Big Pack Clothing” ဆိုတဲ့ဆိုင်လေးကို မိတ်ဆွေကောင်းတွေရဲ့ပံ့ပိုးကူညီမှုတွေနဲ့အတူ စတင်အသက်သွင်းပေးဖြစ်ခဲ့ပါတယ်။ ဒီဆိုင်လေးကို မြောက်ဒဂုံမြို့နယ်၊ မဟာဗန္ဒုလလမ်း(မန္တလေးလမ်း)၊ မန္တလေးဈေးအနီး၊ အမှတ် ၁၈၉ မှာ မနက် ၉နာရီမှ ည ၉နာရီအထိ ပိတ်ရက်မရှိစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာ။ ဂျပန်နိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်းထားတဲ့ စက်ရုံ Outlet, Thrift နဲ့ Export quality အဝတ်အထည်မျိုးစုံကို လက်လီလက်ကားဖြန့်ချီရောင်းချပေးနေပြီဖြစ်ပါတယ်..”
“Big Pack မှာ လက်ရှိ Japan Export Quality ရှပ်အင်္ကျီ Brand အစုံ အထည်သောင်းကျော်၊ ဂျပန်နိုင်ငံ တိုကျိုတစ်မြို့ထဲက သီသန့်မှာယူတင်သွင်းထားတဲ့ Outlet & Thrift အဝတ်အထည်ပေါင်း နှစ်သိန်းကျော် (ကီလို ၅သောင်းကျော်) instock ရောက်ရှိနေပြီးဖြစ်တာကြောင့် လက်လီလက်ကားဝယ်ယူလိုသူများ၊ မြန်မာပြည်အရပ်ရပ်မှ တစ်ဆင့်ပြန်လည်ဖြန့်ချိရောင်းချလိုသူများနဲ့ လိုအပ်သောနေရာဒေသများ၊ မိဘမဲ့ဂေဟာများသို့ လှူဒါန်းလိုသူများ လာရောက်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါပြီခင်ဗျာ။ Japan Export Shirt နာမည်ကြီးတံဆိပ်အစုံ အထည်ရည်သောင်းကျော်အပြင်၊ ကမ္ဘာကျော်အမှတ်တံဆိပ်များနဲ့ quality အကောင်းမွန်ဆုံးဖြစ်အောင် ဂျပန်နိုင်ငံ တိုကျိုတစ်မြို့ထဲကသီးသန့်မှာယူတင်သွင်းထားတဲ့ outlet & thrift အဝတ်အထည်ပေါင်းနှစ်သိန်းကျော်ကို စတင်ရောင်းချပေးနေပြီဖြစ်လို့ စိတ်တိုင်းကျလက်လီဝယ်ယူမှုအပြင်၊ ကီလိုတစ်ရာအထုပ်၊ ကီလိုငါးဆယ်အထုပ်၊ အထည်တစ်ရာနှုန်း၊ အထည်ငါးဆယ်နှုန်း စသည်ဖြင့် လက်လီလက်ကား လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ..”
“မြန်မာပြည်ရဲ့လက်ရှိအခြေခံလူတန်းစားပြည်သူများရဲ့စားဝတ်နေရေးအတွက်ရှေးရှုပြီး ဈေးနှုန်း ကျပ်(၁၀၀၀)(၂၀၀၀)(၃၀၀၀)မှစ၍ အသက်သာဆုံးသောနှုန်းထားများဖြင့်သာရောင်းချပေးသွားမှာဖြစ်လို့ အလည်တစ်ခေါက်လောက်လာခဲ့ကြပါအုံးဗျ။ ကျွန်တော်ကိုယ်တိုင်လဲ လက်ရှိမှာအနုပညာအလုပ်တွေအားလုံးနားထားလို့ မိန်းမနဲ့အတူဈေးကူရောင်းပေးနေပါတယ်။ နယ်ကပရိတ်သတ်တွေလဲဝယ်ယူနိုင်ဖို့အတွက် နောက်ပိုင်းမှာ ဆိုင်Page ကနေ ကိုယ်တိုင်Liveလွှင့်ရောင်းပေးပါမယ်ခင်ဗျာ။ ကျွန်တော်တို့လင်မယားကိုချစ်ခင်ကြတဲ့မြန်မာပြည်တစ်ဝန်းမှချစ်ပရိတ်သတ်များ၊ မိတ်ဆွေသူငယ်ချင်းကောင်းများအနေနဲ့လဲ အပန်းမကြီးရင် ကျွန်တော့ဇနီးလေးရဲ့ဆိုင်အသစ်လေးနဲ့ ဆိုင်Pageလေးကို Like & Follow လေးတွေလုပ်ပေးရင်း ဝိုင်းဝန်းကူညီဝန်းရံပေးကြပါအုံးလို့ တောင်းဆိုပါရစေခင်ဗျာ😍😍😍” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
နိုင်းဝမ်းတို့ဇနီးမောင်နှံကတော့ ဆိုင်လေးတစ်ဆိုင်ကို အတူတူဖွင့်လှစ်ပြီး အလုပ်တွေကြိုးစားနေကြပြီပဲဖြစ်ပါတယ်။ နိုင်းဝမ်းတစ်ယောက် အောင်မြင်တဲ့ ဆိုင်ပိုင်ရှင်ကြီးတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nine One’s fb