ဆေးရုံတက်ဆေးကုသဖို့ လိုအပ်နေတဲ့ ငွေသိန်း (၁၀၀) အတွက် အလုပ်တွေကြိုးစားလုပ်ကိုင်နေတဲ့ ဦးမိုးဒီ

လူရွှင်တော်ကြီးတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ မိုးဒီကတော့ အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာရရှိခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ မိုးဒီက လတ်တလောမှာတော့ အနုပညာအလုပ်တွေ၊ Live Sale ရောင်းချတဲ့အလုပ်တွေကိုလည်း လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း လူရွှင်တော်မိုးစက်နဲ့အတူတူ ပရဟိတအလုပ်တွေကူညီလုပ်ဆောင်ပေးနေရင်း ကုသိုလ်ရှာနေလျက်ရှိပါတယ်။

အသက်အရွယ်ရရှိလာတာနဲ့အမျှ ကျန်းမာရေးချို့ယွင်းလာခဲ့ပြီဖြစ်တဲ့ ဦးမိုးဒီဟာ လတ်တလောမှာတော့ နှလုံးအောင့်ပြီး မောနေတဲ့ ဝေဒနာကိုခံစားနေရတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဦးမိုးဒီဟာ ဆေးရုံတက်ဆေးကုသမှုခံဖို့ ဆေးရုံစရိတ်ငွေ သိန်း (၁၀၀) ခန့်ကုန်ကျမယ့် ပိုက်ဆံကို အလုပ်တွေလုပ်ရင်း ကြိုးစားရှာဖွေနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူ့ကိုချစ်တဲ့ လုပ်ငန်းရှင်က ဦးမိုးဒီအတွက် ဆေးရုံစရိတ် သိန်း (၂၀) လှူဒါန်းပေးခဲ့တဲ့အကြောင်းကို ဦးမိုးဒီက “(5)ရက်နေ့ ဆေးရုံတတ်ရပါမယ်။ ဆေးရုံမှ သိန်း(၁၀၀)ခန့် ကုန်ကျမယ်ဆိုတာကို ကြားသိရတဲ့ အတွက် မနေ့ညက ဒိုင်းမွန်းနိုရီ စိန်ဆိုင်မှ Live လွှင့် အစီအစဉ် မစတင်ခင်မှာ သိန်း(၂၀)ကျပ် ကူညီထောက်ပံ့ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ အမြန်ဆုံးကျန်းကျန်းမာမာ နဲ့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက် ပရိတ်သတ်တွေရဲ့ ပို့သမေတ္တာလေးတွေ မျှော်လင့်လျက်ပါခင်ဗျာ” ဆိုပြီး ပြောထားပါတယ်။

ဦးမိုးဒီကတော့ လာမယ့် (၅) ရက်နေ့မှာ နှလုံးရောဂါအတွက် ဆေးရုံတက်ဆေးကုသမှုခံယူရတော့မှာပဲဖြစ်ပါတယ်။ ဦးမိုးဒီတစ်ယောက် ဆေးရုံတက်ဖို့စရိတ်အဆင်ပြေကာ အမြန်ဆုံးကျန်းမာပြီး အရင်အတိုင်း အနုပညာအလုပ်တွေအများကြီးလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: U Moe De’s fb

error: Alert: Content is protected !!