ဆေးစစ်ချက်ရလဒ်တိုင်း ကံမကောင်းတတ်တဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကိုပြောပြလာခဲ့တဲ့ ရေဗက္ကာဝင်း

ကချင်တိုင်းရင်းသူလေးတစ်ယောက်ပီပီ အသံလေးကောင်းမွန်တဲ့ အဆိုတော်ရေဗက္ကာဝင်းကတော့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်အားပေးခြင်းခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ရေဗက္ကာဝင်းဟာ အခုဆိုရင် သီချင်းသစ်တွေထွက်ရှိခြင်းမရှိသေးပေမယ့် ပရိသတ်တွေအတွက် သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမပြတ်မျှဝေပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရေဗက္ကာဝင်းက ဆေးစစ်ချက်ရလဒ်တိုင်းမှာ ကံမကောင်းတတ်တဲ့ သူမရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာခဲ့ပါတယ်။

“ကိုယ်လဲသူများတွေလို ဝမ်းသာစရာ ဓာတ်မှန်ပုံလေးပြချင်တာပေါ့။ ဒါပေမဲ့ကိုယ်ရခဲ့တဲ့ ဓာတ်မှန်ရလဒ်ကတစ်ခုမှမကောင်းခဲ့ဘူးလေ။ ပထမဆုံးဓာတ်မှန်ရလဒ်အနေနဲ့ ဆယ်တန်းနှစ်စာမေးပွဲဖြေခါနီး ဒီဇင်ဘာလမှာ အူအတက်ခွဲခဲ့ရပြီး ဒုတိယဓာတ်မှန်ရလဒ်အနေနဲ့ ရင်သားမှာအလုံးတွေ့လို့ ၂၀၁၇မှာ ခွဲခဲ့ရပြန်တယ်။ အခုလဲ တတိယဓာတ်မှန်ရလဒ်အဖြစ် အသက်၃၆နှစ်မှ အံဆုံးပေါက် အဲ့အံဆုံးကနေရာမရှိဘဲ ပါးစောင် သွားဖုံးတွေထိုးလို့ ယောင်ရမ်း မေးစေ့အောက်အကြိတ်ပါယောင်ပြီးခွဲရပြန်အုံးမယ်။ ဘဝမှာ ဓာတ်မှန်ရလဒ်ကံကောင်းတဲ့သူတစ်ဦး ဝမ်းသာစရာရလဒ်ဝေမျှနိုင်တဲ့သူတစ်ဦးဖြစ်ချင်တယ်”ဆိုပြီး ရေဗက္ကာဝင်းက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

ရေဗက္ကာဝင်းကတော့ သူမရဲ့ဘဝတစ်သက်တာမှာ ဓာတ်မှန်အဖြေနဲ့ပတ်သက်ပြီး ကံကောင်းမှုမရှိတဲ့အပြင် ဒီတစ်ခါမှာလည်း အံဆုံးပေါက်တဲ့ကိစ္စနဲ့ပတ်သကပြီး မေးစေ့အောက်အကြိတ်ကိုပါ ခွဲစိတ်ရမယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရေဗက္ကာဝင်းတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာစေဖို့ ဆုတောင်းပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Rebecca Win’s fb

error: Alert: Content is protected !!