ဆော့နေရင်း အဖေကိုသတိရလို့ငိုတဲ့သားလေးဂျက်ဂျက်ကိုကြည့်ပြီး မျက်ရည်တွေမဆည်နိုင်အောင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်၊ အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာကောင်းတဲ့ သားကြီးဂျက်ဂျက်နဲ့ သမီးငယ်ဂျူဂျူးတို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ပါပဲ။ မိခင်တစ်ယောက်ပီပီ သားသမီးတွေအတွက် အမြဲတမ်းပျော်စရာတွေကိုသာ ဖြည့်ဆည်းပေးချင်တဲ့ နန်းမြတ်ဖြိုးသင်းဟာ သူမအနေနဲ့ ကွယ်လွန်သွားတဲ့ခင်ပွန်းနေရာမှာ ကလေးတွေရဲ့ခံစားချက်တွေကိုတော့ ပိတ်ပင်တားဆီးလို့မရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နန်းမြတ်ဖြိုးသင်းက အဖေကိုသတိရနေတဲ့ သားကြီးဂျက်ဂျက်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းက “ဂျက်လေးကသူ့အဖေကိုအရမ်းချစ်တယ်။ ဒီတနှစ်အတွင်းမှာထူးဆန်းစွာ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကစားနေရာကနေရုတ်တရက် အမေကိုပြေးလာဖက်ပီး ဖေဖေကမရှိတော့ဘူးပေါ့နော် ဂျက်ဂျက်ဖေဖေ့ကိုသတိရလို့တဲ့ဆိုပီးငိုရှာတယ်။ အားမတင်းထားနိုင်ပဲကလေးနဲ့အတူဖက်ငိုမိတယ်။ ရင်ထဲပူတဲ့အပူကတော်တော်ပါပဲ။ ကျောင်းမှာပွဲတွေဘာတွေနဲ့ သူများမိဘစုံစုံလင်လင်နဲ့များဆိုကလေးနှစ်ယောက်ရဲ့ခံစားချက် သူတို့မေးလာမယ့်မေးခွန်းတွေကိုဖြေဖို့အားတော်တော်မွေးရဦးမယ်” ဆိုပြီး စိတ်မကောင်းဝမ်းနည်းစွာပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ သားသမီးတွေရဲ့ ဖခင်ကိုသတိရနေတဲ့စိတ်တွေ၊ အဖေကိုမေးလာမယ့်မေးခွန်းတွေကို ပြန်ဖြေဖို့ အင်အားတွေအတော်မွေးရမယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းတို့ သားအမိတွေရဲ့အဖြစ်ကတော့ တကယ့်ကိုကြေကွဲဝမ်းနည်းစရာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nann Myat Phyo Thinn’s fb

error: Alert: Content is protected !!