ဆိုရှယ်မီဒီယာမှာ ပွဲဖြစ်နေတဲ့အတင်းအဖျင်းတွေထက် နိုင်ငံရဲ့အဓိကဖြစ်ပျက်နေတဲ့သတင်းတွေကိုပဲ အာရုံစိုက်ဖို့ပြောလာတဲ့ MRTV4 သရုပ်ဆောင် ဘုန်းဆက်သွင်
MRTV4 သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့တာ ပရိသတ်ကြီးအားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဘုန်းဆက်သွင်ဟာ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲမှာ မိန်းမလျာစိတ်ပေါက်နေတဲ့ ယောကျာ်းတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ဟာ သူ့အတွက်အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ကျော်ကြားစေခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေအတွက် ဓမ္မဘက်မှာရပ်တည်ဖို့ တောခိုရင်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ဘုန်းဆက်သွင်ဟာ ဒီကနေ့မှာတော့ ပရိသတ်တွေအနေနဲ့ အဓိကကိုပဲ အာရုံစိုက်ဖို့ပြောလာခဲ့ပါတယ်။ ဘုန်းဆက်သွင်က “ရန်သူက ရန်သူပီသနေတုန်းဘဲ ပြည်သူများနဲ့ရဲဘော်များဘေးကင်းပါစေ ။ Social Media မှာ အဓိက ကိုဘဲ အာရုံစိုက်ပေးကြပါခင်ဗျာ'”ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။
ဘုန်းဆက်သွင်ကတော့ MRTV4 ရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို လက်ရှိ ပရိသတ်တွေကြားဂယက်ထနေတဲ့ MRTV4 မင်းသမီးဟောင်းအကြောင်းထက် အဓိကကိုပဲ ပြည်သူတွေအာရုံစိုက်ပေးဖို့ သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Phone Sett Thwin ‘s fb